Baek:ငါတော့.....
Chanyeol က Baekhyun ကိုအုပ်မိုးထားရာမှ ဖယ်ပေးလိုက်ပီး....
Chan:မင်းစိတ်ကိုသေချာမှ အဖြေပြန်ပေးလို့ရတယ်....အခုမလိုဘူး Bye Babe....
Chanyeol က သူပြောချင်တာပြောပီး Baekhyun ကို လက်ပြကာ ပြတင်းပေါက်မှခုန်ဆင်းသွားသည်....
Baek:ဟာ...နေဦးလေ...Park Chanyeol...Park Chanyeol....
Baekhyun က ပြတင်းပေါက်ဆီပြေးကာ လှမ်းအော်သော်လည်း အခုလေးတင် ခုန်ချသွားသော Chanyeol အားအရိပ်အယောင်တောင်မတွေ့ရတော့.....
Baek:ဟင်! မြန်လှချည်လား သူက ဒီလောက် အမြင့်ကနေ ခုန်ချနိုင်တယ်...ဟူး....ဘာတွေလဲကွာ....
အမြင့်ကြီးမဟုတ်ပေမယ့် မြေပြင်နဲ့ Baekhyun အခန်းရဲ့ အမြင့်အကွာအဝေးက သာသာယာယာ ခုန်ချနိုင်လောက်အောင် မနိမ့်နေ....
စတွေ့တွေ့ချင်းမှာပဲ ထူးထူးဆန်းဆန်းတွေလုပ်ပြသွားတဲ့ Chanyeol ကြောင့် အတွေးမျိုးစုံနဲ့ သက်ပြင်းမောကိုထက်ချမိပြန်တယ်...
>>>>>>
At School...
Luhan:Baekhyun မင်းဘာဖစ်နေတာလဲ....
Baek:........
Luhan:Baekhyun...Baekhyun.....
Baek:.......
Luhan:ဟျောင့် Byun Baekhyun......ကဲကွာ...
"အုန်း"!!!...
Luhan တတွတ်တွတ်ခေါ်နေပေမယ့် Baekhyun က ပြန်မထူးတာကြောင့် Baekhyun ရဲ့ကျောကုန်းကို Luhan အားနဲ့ထုချပလိုက်တယ်...
Baek:အား......ငါ့ကိုဘာလို့ထုတာလဲ....
အသက်ထွက်အောင် ခေါ်နေတုန်းက မထူးပဲ အခုမှ ဂျိုကစ်နေပါသော...Byun Baekhyunee.....
Luhan:မင်းငြိမ်နေလို့ ဘာဖစ်နေတာလဲလို့လဲမေးနေတာလေ ခေါ်နေတော့လဲမထူးဘူး....ဘာတွေအတွေးလွန်နေတာတုန်း ဟမ်! ဒါမှမဟုတ် ချေနေတာလား...ဟင်း ဟင်း Xiao luhan ကိုဒါမျိုးလာမလုပ်နဲ့နော်...ဘာမှတ်နေလဲ....
Baek:အမလေး ဘာလို့ရိုက်တာလဲလို့မေးတာလေးကို....စွာလိုက်တာကွာ....
Luhan: ဘာ!!!......စွာရအောင် ငါက မိန်းကလေးမို့လို့လား....& #$%^#$%^#$%^.......
Luhan ပြောနေသည်မှာ 5 min လောက်ပင်ကြာနေပီ.....
Baek:တော်ပါတော့ကွာ.....
VOUS LISEZ
ထူးဆန်းသော ရှင်သန်ခြင်း (Completed)
Mystère / ThrillerBaek: သူတို့ကဘာလို့ ညဘက်မှ ကျောင်းတက်ကြတာလဲ...... ~Super Natural~ ChanBaek Yaoi Covered photo by LenCo Graphics
