' Hayyyyy Girllllllllll Welcome To L.A '
အရပ် နည်းနည်းပုပြီး ကလေးကဲ့သို့ ချစ်စရာကောင်းသော ကောင်မလေးက လေဆိပ်ထဲမှ ထွက်လာတဲ့ သူမထက် အနည်းငယ် အရပ်ရှည်ပုံရပြီး လက်ဆွဲအိတ် ၂ အိတ်ဆွဲလာတဲ့ ကောင်မလေးကို လက်ပြပြီး လှမ်းပြောလိုက်တယ်။
' Ohhh Nice to Meet you Again Soonkyu '
ထို ကောင်မလေးက Sunny ကိုလည်း တွေ့ ရော ဝမ်းသာ အားရနဲ့ လျှာထုတ်ပြောင်ပြီး ပြောလိုက်လေသည်။
Sunny - ' Yahhh Jung Sooyeon Don't Call Me Soonkyu!! '
Sunny စတွေ့တွေ့ချင်းမှာပဲ လာစနေတဲ့ သူမ သူငယ်ချင်းကို အနည်းငယ် ကျယ်လောင်သော အသံနဲ့ အော်ပြောလိုက်တယ်။
Jessica - ' Ashhh Lee Soonkyu ငါ နင့်ထက် ရာထူးကြီးတယ်ဆိုတာ မေ့နေပြီလား ငါ ခေါ်ချင်သလို ခေါ်မှာပဲ ဟွင်း လာအော်မနေနဲ့ ပြန်အော်လိုက်လို့ နားစည်ကွဲပြီး ဆေးခန်းရောက်နေမယ် '
Sunny - ' Shut Up!! Sooyeon အလုပ်ခွင်ထဲမှာသာ နင်က ရာထူးကြီးပေမယ့် အခု ပြင်ပမှာတော့ နင်က ငါ့ အိမ်မှာ လာကပ်နေမှာလေ အဲ့တော့ ငါ နင့်ထက် အာဏာရှိတယ်။ '
Jessica - ' အာဏာတွေ ပါဝါတွေ ငါ နားမလည်ဘူး အခုတော့ နင် ဒီ အိတ်တွေသယ်ခဲ့တော့ ချင်းကူးယား……… '
Jessica သူမ နောက်မှ လက်ဆွဲအိတ် ၂ လုံးကို ထိုးပြလိုက်ပြီး လျှာထုတ်ပြောင်ကာ တစ်ချိုးတန်း တန်းပြေးတော့လေသည်။
Sunny - ' Yahhhhhh Jessica Jung Soo Yeon !! Ashhhhh မင်းမနိုင်လေးတော့ ကျွတ်စ် '
Sunny သူမ ခပ်လှမ်းလှမ်းကနေ နောက်ပြန် လမ်းလျှောက်ပြီး သူမကို လျှာထုတ်ပြောင်ပြနေတဲ့ ဂြိုလ်သူမ သူငယ်ချင်းအား မျက်စောင်း တစ်ချက် လှမ်းထိုးလိုက်လေသည်။ ထိုစဉ် ရုတ်တရက် သူမ မြင်ကွင်းထဲ ပုံရိပ်တစ်ခု ထပ်ပေါ်လာသောကြောင့် သူမ သူငယ်ချင်းကို သတိပေးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။
Sunny - ' Yahhh Sooyeon ah နောက်မှာ……… '
• ဒုတ်…ခလွမ်း…… •
YOU ARE READING
L.A Lovers ☑
Fanfiction(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...