[Feb - 19 - 2019]
Rose တစ်ယောက် သူ့ အစ်မ ၂ ယောက်ကို လေဆိပ်လိုက်ပို့ပေးပြီး ပြန်လာတော့ သူမတို့ လမ်းကွေ့လေးထဲကနေ ဖြေးညှင်းစွာ ထွက်လာတဲ့ ကားတစ်စီးထဲကို အမှတ်တမဲ့ ကြည့်လိုက်မိလေတယ်။ သူမ မြင်လိုက်ရတာကတော့ တခြားသူမဟုတ် B&E ရဲ့ CEO Jessica ပင်။
Rose - ' သူက ဒီလမ်းထဲ ဘာလာလုပ်တာပါလိမ့် အာ အလုပ်ကိစ္စနေမှာပေါ့ '
တစ်ယောက်တည်း မေး တစ်ယောက်တည်းဖြေရင်း Rose တစ်ယောက် သူမ အိမ်ရှေ့ရောက်တော့ တံခါးရှေ့မှာ ကျနေတဲ့ နှင်းဆီ ပန်းစည်းလေးကို တွေ့လေတယ်။
Rose - ' omo ဒီလောက်လှတဲ့ နှင်းဆီပန်းလေးကို ဘယ်လို အရူးကများ လွှင့်ပစ်ထားတာလည်း မသိဘူး '
Rose လည်း နာမည်နဲ့လိုက်အောင် နှင်းဆီပန်းကို အလွန် သဘောကျသူ ဖြစ်လေတယ်။ အဲ သူ့ အစ်မ Tiffany က ပိုတောင်ဆိုးသေး။ အခုလည်းကြည့် ဘယ်ကမှန်း မသိတဲ့ နှင်းဆီပန်းစည်းကို ကောက်ယူပြီး ပြောလိုက်သည်က………
Rose - ' Arigoo ကလေးတွေ လာ Unnie နဲ့ လိုက်ခဲ့ မင်းတို့ကို လွှင့်ပစ်တဲ့ အရူးကို စိတ်ထဲထားမနေနဲ့ '
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
At Los Angeles International Airport………
နက်ပြာရောင် ဂျင်းဘောင်းဘီရယ် အဖြူရောင် တီရှပ်ရယ် ဝတ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက် လေဆိပ်ထဲမှာ အသည်းအသန် ပြေးလွှားနေလေတယ်။ သူမ ကြည့်ရတာ တစ်စုံတစ်ယောက်ကို အသည်းအသန် လိုက်ရှာနေသလိုပါပဲ။ ဟုတ်ပါသည် သူကတော့ အချစ်ပျောက် ရှာပုံတော်ဖွင့်နေတဲ့ Jessica တဖြစ်လဲ Jung Sooyeon ပင်။သူမ လေယာဉ်တစ်ကွင်းလုံး နှံ့အောင် ရှာပြီးသော်လည်း သူမရဲ့ ပန်းရောင် မင်းသမီးလေးကိုတော့ အရိပ်အယောင်တောင် မမြင်ပေ။Jessica သူမ အိတ်ကပ်ထဲက ဖုန်းကို ကမန်းတမ်းထုတ်ကာ Fany ဆိုတဲ့ contact လေးကို နှိပ်ပြီး ဖုန်းခေါ်လိုက်လေတယ်။ပထမ Call ကိုတော့ မကိုင်ပေ သူမလည်း နည်းနည်းကြာတော့ ဆက်ကြိုးစားပြီး ဒုတိယတစ်ခါ ခေါ်လိုက်တော့ ခေါ်ပြီး ခဏအကြာမှာ ကိုင်လေတယ်။
'Tu Tu Tu Tu'
Jessica - ' Hello Fany ah '
YOU ARE READING
L.A Lovers ☑
Fanfiction(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...