still Flash Back <<<<<<<<<
' Sica '
နူးညံ့ပြီး ချိမြိန်လွန်းတဲ့ အသံတစ်ခုကြောင့် Jessica အိပ်ပျော်နေရာမှ နိုးသွားလေတယ်။ သူမ နိုးနိုးချင်း သိလိုက်ရတာက Tiffany က သူ့အပေါ်ထိုင်ကာ သူ့ကို ဖက်ထားသည်ကိုပဲ။ * Oh God !! * သူလည်း မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် သူ အရမ်းလွမ်းနေခဲ့ရတဲ့ ထိုကောင်မလေးကို ခပ်တင်းတင်း ပြန်ဖက်မိလေသည်။ သို့သော်လည်း ထပ်ကြာလာရင် သူ စိတ်မထိန်းမိမှာစိုးသဖြင့် Ms. ဟုခေါ်ကာ သူမ ရင်ခွင်ထဲက ကောင်မလေးကို လက်ရှိအခြေအနေထဲ ပြန်လည် ဆွဲခေါ်လိုက်လေတယ်။အခုမှ မြင်မိတာ သူ့ရဲ့ မင်းသမီးလေးက ငိုနေသည်ပဲ။
Jessica " ငါ့ကြောင့် သူ ငိုနေတယ်? "
သူလည်း ဝမ်းနည်စိတ်နဲ့ အတူ ဒီထက်ပိုပြီး Tiffany နဲ့ နေရမခက်စေရန်နှင့် သူမ အစီအစဉ်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ရန် အတိတ်မေ့ ဟန်ဆောင်ကာ စိတ်ထိန်းရင်း အလုပ်ကိစ္စပဲ ခေါင်းထဲ ရိုက်သွင်းနေလေတယ်။ ဒါတောင် စိတ်လွတ်ပြီး သွားဖက်မိလိုက်သေးတယ်တယ် :") ။ တကယ်တော့ သူ့ ညီမသာ အခုလို မမွှေလိုက်ရင် သူမ Tiffany ကို အတိတ်မေ့ ဟန်ဆောင်စရာမလိုပဲ အေးအေးဆေးဆေး Propose လုပ်လို့ရနေလေပြီလေ။
Jessica - " အချွန်နဲ့ မ သော ငါ့ ညီမ :") "
Jessica စဉ်းစားထားတာက အခု Seoul ကို ပြန်လာတာက Tiffany အကြောင်း စုံစမ်းဖို့အတွက်ပါပဲ။ ပြီးရင် နှစ်ကုန်ပိုင်းလောက်ထိ ကုမ္ပဏီအလုပ်တွေ လုပ်ပေးပြီးတာနဲ့ L.A ကို ပြန်ကာ Tiffany ကို Propose လုပ်ဖို့ ပြင်ရန် အစီအစဉ်ချပြီးသားပါ။သူ ဖြစ်စေချင်တာက တစ်နှစ်ကျော်လောက် Tiffany နဲ့ မတွေ့အောင် ရှောင်ပြီး Suprise Propose လေး လုပ်ပေးဖို့ပါပဲ။ သို့သော် သူ့ ညီမရဲ့ အချွန်နဲ့မမှုကြောင့် Seoul ကို ပြန်ရောက်ရောက်ခြင်း Tiffany နဲ့ တွေ့သွားခြင်းဖြစ်သဖြင့် အတိတ်မေ့ ဟန်ဆောင်ရသေးသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
[Jan - 29 - 2020]
Jessica L.A ကို ပြန်ရောက်နေတာ ၂ လလောက်ရှိနေပါပြီ။အကြောင်းက Seoul ရောက်နေတဲ့ Wendy , Joy , Tiffany တို့ကလွဲရင် ကျန်တဲ့ Tiffany အချစ်ဆုံးညီမလေး Rose အပါအဝင် L.A အဖွဲ့သားများနဲ့ Tiffany ကို propose လုပ်ရန် အစီအစဉ်ဆွဲရန်ပင်။ Propose လုပ်တယ်ဆိုတော့ သူများတွေလို ဆိုင်ကဝယ်တာတွေနဲ့ချည်း လုပ်တယ်မထင်နဲ့။ ဒီနေ့ propose လုပ်မယ့်နေရာမှာ သုံးထားတဲ့ နှင်းဆီပန်းပွင့်တွေက သူ ကိုယ်တိုင် Tiffany တို့ L.A အိမ်မှာ ဥယျာဉ်မှူးလုပ်ပြီး ပွင့်လာတဲ့ နှင်းဆီပန်းတွေပင်။ဥယျာဉ်မှူးဆိုလို့လည်း ခြံဝန်းရှေ့မှာ ရေဖြန်း ပန်းပျိုးရုံ အပေါ်ယံလေး လုပ်နေသည်မဟုတ်။ Tiffany တို့ အိမ်အနောက်ဘက်က ဘာမှ မလုပ်ပဲ ဒီအတိုင်းထားတဲ့ မြေကွက်လပ်ကြီးမှာ Jessica ရဲ့ ကြိုးပမ်းမှုကြောင့် အရောင်စုံလင်လှတဲ့ နှင်းဆီပန်းများနဲ့ ပြည့်နှက်နေလေသည်။ ဒါတင် မပြီးသေးပါဘူး Tiffany တို့ တိုက် အပေါ်ထပ်က ကွက်လပ်မှာလည်း Tiffany Fav ပန်းရောင် နှင်းဆီပန်းအိုးလေးများကို အသည်းပုံ ပုံစံ စီထားကာ တခြား အရောင်အသွေးရှိတဲ့ နှင်းဆီပန်းများကလည်း ဘေးနားမှာ ကြည့်ကောင်းအောင် တန်ဆာဆင်ထားသည်က လှပလို့နေသည်။ နှင်းဆီပန်းကြိုက်သူ Rose ကတော့ သူ့ ခဲအို အဲလေ သူ့ ယောင်းမရဲ့ ပြင်ဆင်မှုတွေကို သဘောကျအကျကြီး ကျလို့နေလေတယ်။

YOU ARE READING
L.A Lovers ☑
Hayran Kurgu(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...