[Note-ဒီတစ်ပိုင်းလုံးက ခါတိုင်းလို ဟန်ဂုဘာသာနဲ့ပြောကြတာမဟုတ်ပဲ Eng လို ပြောနေကြတာဖြစ်ပါတယ်။]
[Feb - 3 - 2020]
Tiffany သူမ ဖုန်းထဲက နာရီလေးကို ကြည့်မိတော့ 10:30 AM ဆိုတဲ့ ဂဏာန်းလေးကို တွေ့လိုက်ရလေသည်။ သူမ အခု Seoul တုန်းက ပါတနာတစ်ယောက်ရဲ့ ဖွင့်ပွဲပြီးလို့ ပြန်ရန် ပြင်နေခြင်းပင်။ လက်ထဲက ဖုန်းလေးကို လက်ကိုင်အိတ်ထဲ ထည့်ကာ အိမ် ပြန်ရန်ပြင်တော့ သူမ ခြေထောက်နားကို ရောက်လာတဲ့ အဝေးထိန်းကား ပန်းရောင်လေးတစ်စီး။ အဲ… အဲ့အပေါ်မှာတော့ ကဒ်အဖြူရောင်လေး တစ်ကဒ်။ သူမလည်း သူမနဲ့ မဆိုင်လောက်ဘူးထင်ကာ ကျော်ခွသွားသော်လည်း ထိုကားလေးက သူမနောက်ကနေ လိုက်နေတာကို သိတော့ သူမ လမ်းလျှောက်နေတာကို ရပ်လိုက်လေတယ်။ Tiffany ရပ်လိုက်တော့ အဲ့ကားလေးက အရှေ့ကို ကျော်တက်လာပြီး သူမ ဒေါက်ဖိနပ်လေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ထပ်ခါထပ်ခါ တိုက်နေလေတယ်။ သူမလည်း ဒီလောက်ဆို အကင်းပါးပြီဖြစ်သဖြင့် ထိုကားပေါ်က တိပ်လေးနဲ့ ကပ်ထားတဲ့ ကဒ်လေးကို ဖွင့်ဖတ်ကြည့်တော့………
* Follow Me Baby *
ဟူသော စာသားလေးက ဆီးကြိုနေလေသည်။ သူမလည်း ဘေးပတ်ဝန်းကျင်ကို ဆတ်ခနဲ ဝေ့ဝိုက်ရှာကြည့်တော့ ထို ကားကို Control နေတဲ့သူကို အရိပ်အယောင်ပင် မတွေ့ပေ။ ထိုစဉ် ကလေးလေး တစ်ယောက်မှာ သူမရှေ့သို့ လျှောက်လာရင်း သူမ စကပ်စလေးကို ဆွဲကာ သူ့လက်ထဲက နှင်းဆီပန်း တစ်ပွင့်ကို Tiffany ဆီသို့ ကမ်းပေးလေတယ်။ Tiffany ထိုကလေးလေး လက်ထဲက နှင်းဆီပန်းကို ယူကာ စိတ်ထဲပေါ်လာသည့် meaning က………
Tiffany - ' Love at first sight ' (Whisper)
လက်ထဲက နှင်းဆီပန်းလေးကို ကြည့်ကာ ဘယ်သူလည်း ဘာကို ရည်ရွယ်တာလည်း စဉ်းစားနေတုန်းမှာပဲ သူမဘေးနားကို ပန်းရောင်ချည်စနဲ့ အလှဆင်ထားတဲ့ အသည်းပုံ တွန်းလှည်းကို တွန်းလာတဲ့ Unicorn အရုပ်စွပ်ထားတဲ့ လူတစ်ယောက်။ သူမ ငေးကြည့်နေတုန်း ထို Unicorn မှာ သူမ လက်ထဲက နှင်းဆီပန်းကို ထိုးပြရင်း ခြင်းနဲ့တစ်ဆက်တည်း ဖြစ်နေတဲ့ အသည်းပုံဘူးကိုပါ အပိတ်ဖွင့်ပြီး ထိုးပြလေတယ်။ Tiffany လည်း သူမလက်ထဲက နှင်းဆီပန်းကို ထို အသည်းပုံထဲ ထည့်လိုက်တော့ စပီကာတစ်ခုကနေ မိန်းကလေး တစ်ယောက်ရဲ့ အသံထွက်လာလေသည်။
YOU ARE READING
L.A Lovers ☑
Fanfic(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...