" Let's just run away, can't we run away now?
Hear me when I say I don't wannaWaste another day with you away from me
So, let's just run away right now (Let's just run away) "
Jessica တစ်ယောက် ဖုန်းထဲက သီချင်းလေးဖွင့်ထားရင်း ဧည့်ခန်းထဲမှာ ကော်ဖီ ထိုင်သောက်ကာ အတွေးနယ်လွန်နေလေတယ်။ ထိုမြင်ကွင်းကို အပြင်က ပြန်လာတဲ့ SooSun လင်မယား ၂ ယောက် မြင်တော့ ပါးစပ် အဟောင်းသား ဖြစ်ကာ………
Sunny - ' ဘုရားရေ ကမ္ဘာကြီး ပြားပြီး နေ အနောက်က ထွက်ပြီ ထင်တယ် '
Sunny ရဲ့ အော်ပြီး ပြောလိုက်တဲ့အသံကြောင့် ဈာန်ရနေတဲ့ Jessica မှာ သောက်လက်စ ကော်ဖီခွက်ကို ချကာ Bunny Sunny ကို ဂြိုလ်ကြည့် ကြည့်လိုက်လေသည်။Sooyoung ကတော့ မနိုင်စိန် bff ၂ ယောက်ကို ထားခဲ့ကာ ခပ်ဟဟ ရယ်ရင်း အပေါ်ထပ် တက်သွားလေတယ်။
Jessica - ' yahhh Lee Soonkyu !! နင် စကားပြောရင် အဲ့လို မအော်ဘဲ မပြောတတ်ဘူးလား Gshhhh '
Sunny - ' ခေါ်ပြန်ပြီ ငါ့ကို အဲ့ နာမည်ကြီး ashhh ပြောက်လက်နေတဲ့ မဟာ နဖူးတော်ကြီးကို ရိုက်ချလိုက်လို့ L.A ကနေမှ ကိုရီးယားက B&E ကုမ္ပဏီကို auto ရောက်သွားမယ် '
Jessica - ' နင် !! '
Sunny - ' ကဲ နင်နေရင်လည်း ပြီးရင် ရေသောက်လိုက် ခုတော့ ဒါတွေက ဘယ်လို ဖြစ်တာလည်း အရင်ရှင်းပါဦး။ ခါတိုင်း ဒီအချိန်ဆို အရက်ပုလင်း ခေါင်းစွပ်နေတဲ့သူက အခု ကော်ဖီသောက်နေတယ်။ ပြီးတော့ Rap တွေ Hip-Hop တွေ နားထောင်တဲ့သူက soft music တွေ ဘာတွေဖွင့်လို့ ကဲ ရှင်းပါဦး '
Sunny စကားကို ကြားတော့ Jessica မှာ ခြောက်ကပ်သွားတဲ့ အာခေါင်ကို ကော်ဖီနဲ့ ဖြည့်စွက်လိုက်ရင်း ဘယ်လို ဖြေရမလည်းဟု တွေးကာ………
Jessica - ' အာ ဒါကလား ဒါက ဒီလို ရှိပါတယ်။ ဟွာက ဟိုလို ရှိပါတယ် '
Sunny - ' ချီးတဲ့မှ ကဲ ဝေ့ဝိုက်မနေနဲ့ ငါ မေးနေတုန်း ဖြေနော် '
Sunny တစ်ယောက် မျက်ခုံးကိုပင့်ကာ လက်ပိုက်ပြီး Jessica ကို စိုက်ကြည့်နေလေတယ်။ ထို့ကြောင့် Jessica လည်း လက်မလျော့တတ်တဲ့ သူ့ သူငယ်ချင်းအကြောင်းကို သိ၍………
YOU ARE READING
L.A Lovers ☑
Fanfic(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...