ကဲ အတိုချုပ်ပြီးနောက်ကြောင်းပြန်ပါတော့မယ်နော်………
Flash back << Feb - 19 - 2019
Jessica LAX နားမှာ Accident ဖြစ်တာကို Sunny သိပြီးတာနဲ့ ချက်ချင်းပဲ ခင်ပွန်းဖြစ်သူကိုခေါ်ပြီး ထိုနေရာဆီ အပြေးအလွှားသွားလေတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ နေရာရောက်တော့ မြင်လိုက်ရတဲ့ Jessica မောင်းတဲ့ ကားရဲ့မြင်ကွင်းက အဝေးကမြင်တာတောင် စုတ်ပြတ်နေပြီဖြစ်၍ Sunny သူမ ထင်နေသလို မဖြစ်ပါစေနဲ့ ဆုတောင်းရင်း ဘေးနားက ရဲဝန်ထမ်းကို ဆွဲကာ………
Sunny - ' အဲ့ ကားထဲက အမျိုးသမီးရော ဘယ်မှာလည်း? '
Police - ' အခု ကားထဲမှာ ညပ်နေလို့ ကျွန်တော်တို့ အမြန်ဆွဲထုတ်နေပါတယ်ဗျ '
Sunny - ' ဆေးရုံကားကရော ဘယ်မလည်း? ဆေးရုံကား? '
Police - ' ခုနက ခေါ်ထားပါတယ် ရှေ့နားမှာလည်း ယာဉ်တိုက်မှု တစ်ခုဖြစ်ထားတော့ လမ်းရှင်းနေလို့ ကြာနေတာထင်… '
ရဲဝန်ထမ်းရဲ့ ခပ်ပေါ့ပေါ့ ပြောနေတဲ့ အသံကိုကြားတော့ တော်ရုံ စကားဝင်ပြောလေ့မရှိတဲ့ Sooyoung တောင် ဒေါသ ထောင်းခနဲ ထွက်သွားပြီး ထို ရဲ၏ ကော်လံကို ဆွဲကာ………
Sooyoung - ' မင်းတို့က စကားကို လွယ်လွယ်နဲ့ စောက်ရမ်းပြောတတ်ကြတာပဲ။ ဟိုမှာ လမ်းပိတ်နေတာဆို မင်းတို့က ဒီမှာ ဘာလာလုပ်နေတာလည်း တခြား ဌာနတွေထက် မင်းတို့က အဲ့လမ်းနဲ့ နီးနေတာပဲ မင်းတို့ လမ်းသွားရှင်းပေးလေ !! '
Sooyoung အဲ့လို ပြောတော့ ထို ရဲဝန်ထမ်းမှာ အထစ်ထစ် အငေါ့ငေါ့နဲ့ သူတို့ ရဲကားဘေးမှာ လက်ထိပ်ခတ်ထားတဲ့ သွေးရဲသံရဲနဲ့ လူငယ်ကို လက်ညှိုးထိုးပြရင်း………
Police - ' ဒီ…ဒီမှာ ဝရမ်းပြေးရှိလို့ပါဗျ အဲ့ကြောင့်… '
Sooyoung - ' ဝရမ်းပြေးရှိရှိ ဘာရှိရှိ အခု အပြစ်မရှိတဲ့ ပြည်သူတစ်ယောက်ရဲ့ အသက်က ပိုအရေးကြီးတယ်လေဟ။ နောက်ပြီး ဒီလောက် ကျိုးပုံနေတဲ့ ဝရမ်းပြေးက ဘယ်မှာ ထပြေးနိုင်မှာမလို့လည်း? ဦးနှောက်လေး ရှိကြစမ်းပါ။ '
* Wee Woo Wee Woo *
Sooyoung ပြောနေတုန်း ဆေးရုံကားက ရောက်လာကာ သူမတို့ အနားရပ်ရင်း Jessica ကို ဆွဲကူ ထုတ်ပေးနေလေတယ်။
YOU ARE READING
L.A Lovers ☑
Fanfiction(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...