🐖 Episode ㅡ 11 🐋

250 41 4
                                    

[May - 3 - 2019]

အချိန်တွေ ကုန်လာလိုက်တာ သုံးလဆိုတဲ့ အတိုင်းအတာတစ်ခုကို ကျော်ဖြတ်လာခဲ့လေပြီ။ ဒီရက်တွေအတွင်း တခြား ဘာမှ မပြောင်းလဲခဲ့ပေမယ့် တစ်စုံတစ်ဦးကတော့ ပြောင်းလဲခဲ့လေတယ်။ ဟုတ်ပါသည် ထိုသို့ ပြောင်းလဲသွားသူမှာ Tiffany ပင်။အရင်က အလုပ်ကိစ္စနဲ့ အိမ်ကိစ္စပဲ လည်ပတ်နေခဲ့တဲ့ သူမရဲ့ နေ့စဉ်တာဝန်တွေထဲမှာ တစ်ခုပြီး တစ်ခု တိုးလာခဲ့လေတယ်။

အရင်က အားလပ်ရက်တွေဆို စာအုပ်တစ်အုပ်ဖတ်ရင်း ကော်ဖီသောက်လေ့ရှိတဲ့သူမက အခုတော့ ဖုန်းထဲက social app ပေါင်းစုံကို ဖွင့်ရင်း Feb 19 က နောက်ဆုံး post တင်ထားခဲ့တဲ့ active မဖြစ်တဲ့ acc လေးကို တစ်နေကုန် ဝင်ကြည့်နေတတ်တာမျိုး။

အရင်က ကုမ္ပဏီအရေးနဲ့ မိသားစုအရေးပဲ တွေးပူတတ်တဲ့သူက အခုတော့ ဒီ ၃ လအတွင်း နာမည်တောင် အစရှာမတွေ့တော့တဲ့ လူတစ်ယောက်အကြောင်း တွေးပူရင်း တိတ်တဆိတ် ငိုကြွေးမိတာမျိုး။

ဆက်သွယ်၍ မရပါပဲ ပြောနေတဲ့ ဖုန်းလေးကို တတီတီနဲ့ ခေါ်နေတတ်တာမျိုး။

အရင်က အမြဲတမ်း ပြုံရွှင်နေတတ်တဲ့ Active girl လေးက တစ်နေ့ထဲမှ ဘယ်နှကြိမ်မြောက်မှန်းမသိ သက်ပြင်းတွေချပြီး / မျက်ဝန်းတွေက လွမ်းဆွတ်နေသည်ကို ဝန်ခံနေတတ်တာမျိုး။

ခံစားဖူးကြလား? ကြုံတွေ့ဖူးကြလား?

ဒီလို အချစ်ရဲ့ side effect တွေကို ချစ်ဖူးသူတွေပဲ ခံစားတတ်လိမ့်မယ်။ ချစ်ဖူးသူ? ဟုတ်ပါသည် ဒီ ၃ လ အတွင်း သူမ ဘယ်လောက်ပဲ လိမ်ညာနေပါစေ သူမ အဲ့ဒီ ရင်းနှီးသောသူစိမ်းကို ချစ်မိနေသည်ကို တစ်စစနဲ့ သိလာခဲ့လေသည်။

Wendy - ' Unnie ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးပွဲရှိတယ်ဆို '

ဟောကြည့် ခုလည်း Company သွားဖို့ ဖိနပ်စီးတဲ့ နေရာမှာ ဖိနပ်ကြိုးချည်နေရင်း ငုတ်တုတ်ကြီး မေ့နေပြန်ပြီ။

Tiffany - ' Arrrr ဟုတ်သား နောက်ကျတော့မှာပဲ Unnie သွားပြီနော် Wenie ah တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက် See ya soon '

Wendy - ' Nae Unnie ကားကို ဂရုစိုက်ပြီး မောင်းပါ '

Tiffany - ' Okaiii Wenie ah love u '

L.A Lovers ☑ Where stories live. Discover now