Jessica တစ်ယောက် သူမရဲ့ အလွန် တရာမှ ပျင်းစရာ ကောင်းလွန်းတဲ့ ကိုရီးယားက mail နဲ့ ပို့လိုက်တဲ့ စာချုပ် စာတမ်းတွေကို ကြည့်နေရင်း သူမရဲ့ကမ္ဘာ့ အလေးဆုံး အရာမှ တဖြည်းဖြည်း အောက်သို့ ဆင်းလာလေတယ်။ မကြာပါ Laptop ကြီး ပွင့်လျက် စာရွက်တွေ ဟို တစ်ရွက် ဒီ တစ်ရွက် ပွစာကြဲ သွားပြီး သူမရဲ့ အချစ်များ ဆုံဆည်းရာ အိမ်မက် ကမ္ဘာလေးထဲကို လေယာဉ် စီးကာ ရောက် သွားတော့လေသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
Joy - ' ဟျောင့် ထိုင်းကောင် မင်းကို Tiffany Noona အိမ်ထဲ ကူ ချောင်းခိုင်းဖို့ ခေါ်လာတာလေ ဘောက်မဲ့ကြောင့် လမ်းသွားနေတဲ့ စကီလေးတွေကို လိုက် ငမ်း နေတာလဲ? '
Joy တစ်ယောက် Tiffany အိမ်ထဲ အကဲ ခတ်နေစဉ် Lisa အသံကို မကြားမိသောကြောင့် နောက်လှည့် ကြည့်လိုက်တော့ အမယ် ဟို ထိုင်းကောင်က ရေပန်းနား ရပ်နေတဲ့ စကီ တစ်သိုက် ရှေ့တော်မှောက် မျက်လုံး မကျွတ်ကျရုံ တမယ် အငမ်း လွန်နေလေသည်။
Lisa - ' Hee hee မတော်ရသေးတဲ့ ချိဖကလည်း ဒါက ငမ်းတာ မဟုတ်ပါဘူး Fany Unnie အိမ်ထဲကို မျက်လုံး ရှင်ရှင်နဲ့ မြင်ကွင်း ပြတ်ပြတ် သားသား မြင်နိုင်အောင် မျက်စိ ခဏ အစာ ကျွေး… (ဂလု) ကျွေးတာပါနော်'
Joy လည်း ပြောမရတော့မယ့် အတူတူ ရှေ့သို့ ပြန်လှည့်ကာ Tiffany ကိုပဲ ဆက် ချောင်း နေမည် လုပ်သော်လည်း သူ့ ရှေ့မှာ တစ်စုံ တစ်ခါ ကာထားသလို ခံစား နေရလေသည်။ သို့သော် နေရောင် ကြောင့် မသဲ မကွဲ ဖြစ်နေတော့ ဆတ်ခနဲ မတ်တပ် ရပ်ကာ ကြည့်လိုက်လေသည်။
Joy - ' F…F……Fany Noona !! '
ဟုတ်ပါသည် သူ့ ရှေ့က ကာ နေတဲ့ အရာကတော့ အခြား မဟုတ် သူ့ကို ခါးထောက်ကာ ရပ်ကြည့်နေတဲ့ Fany Fany Tiffany ပင်။ နောက်က Lisa ကို ဝေ့ ကြည့်လိုက်တော့ သစ်ပင်နောက် သွား ပုန်းနေသည်ကို တွေ့ရလေသည်။ ဒါ ဒင်းလေး သိရက်နဲ့ သက်သက် ကိုယ်လွတ် ရုန်းသွားတာ Ashhh ခုနက သူ ' မျက်စိ ခဏ အစာကျွေးတာပါ ' လို့ ပြောနေတုန်းက သူ မျက်နှာ အမူ အယာ ပျက်သွားတာကို ကိုယ်သာ ဥပေက္ခာ မပြုမိခဲ့လျှင် အခုလို ဖြစ်မည် မထင်။

YOU ARE READING
L.A Lovers ☑
Fanfiction(Unicode) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါဘူး ငါ့အတွက်ကကျ " အချစ်တို့ မွေးဖွားရာ ဒေသ " နဲ့ " အချစ်တို့ နေထိုင်ရာဒေသ " ဆိုပြီးကွာတယ်......... (Zawgyi) L.A နဲ့ Seoul နဲ့ ဘာကွာလဲ? ဟင့်အင်း တခြားသူ အတွက်တော့ ဘာမှ မကွာပါ...