🐖 Episode ㅡ 13 🐋

252 48 0
                                    

[Jan - 29 - 2020]

Tiffany အခု ရောက်ရှိနေတဲ့နေရာကတော့ L.A ကို သွားနေတဲ့ လေယာဉ်ပေါ်မှာပင်။ အရင်နှစ်တွေက Feb လ အလယ်လောက်မှ L.A ကို ပြန်လေ့ ရှိပေမယ့် ယခု ဆိုင်းမဆင့် ဗုံမဆင့် လာရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ လုပ်ငန်းပါတနာ တစ်ယောက်က L.A မှာ ဖွင့်ပွဲလုပ်မယ်ဆို၍ပင်။ အစက သူမ ဖွင့်ပွဲတက်ပြီးတာနဲ့ ကိုရီးယားကို ပြန်မယ် လုပ်ထားသော်လည်း မထူးလည်း လကုန်တော့မှာပဲလေ ဆိုပြီး အနားယူရန်အတွက်ပါ သူ့ ညီမနဲ့ Joy ကိုရော တစ်ခါတည်း ခေါ်လာလိုက်လေသည်။ Joy ကတော့ သူ့ချစ်သူရဲ့ ဝတ္ထုတွေကို ဖတ်ရင်း ရှေ့ခုံမှာ အေးဆေး ထိုင်နေသော်လည်း ညီ အစ်မ ၂ ယောက်ကတော့ နောက်ကနေ တတွတ်တွတ်နဲ့ စကားပြောနေကြလေသည်။ (Joy နဲ့ Wendy တို့ ချစ်သူဖြစ်သွားတာကလည်း Author နဲ့ Reader ဆက်ဆံရေးက အစပြုခဲ့ခြင်းပင်။ Wendy ရဲ့ ဝတ္ထုတွေ စာအုပ်ထုတ်တဲ့အချိန်ဆို Joy မှာ ထိပ်ဆုံးက လာရောက် အားပေးတတ်လေ့ ရှိပြီး လက်မှတ် ၂ ခါ ထိုးခိုင်းသည့်အတွက် Wendy ရဲ့ attention ကို ဖမ်းစားနိုင်ခဲ့ခြင်းပင်)။ ထိုစဉ် လေယာဉ် ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း သတိပေးသံနဲ့အတူ သူမရဲ့ စိတ်တွေကလည်း ဒီ တစ်နှစ်ပတ်လုံး နေ့စဉ် တွေးနေမိတဲ့သူဆီ လျှပ်တစ်ပြက် ရောက်သွားလေတယ်။ သူ… အင်း Jessica ဆိုတဲ့ သူနဲ့ မတွေ့ဖြစ်ခဲ့တာတောင် ကြာခဲ့ပြီပဲ။နောက်ဆုံး တွေ့ဖြစ်တဲ့ အခေါက်က July လ 12 ရက်နေ့တုန်းကပင်။ အဲ့နေ့ကလည်း ရှယ်ယာရှင် အစည်းအဝေးမလို့ ရှယ်ယာဝင်ထားပြီ ဖြစ်တဲ့ Jessica တစ်ယောက် မတက်မနေရ တက်ခဲ့ခြင်းပင်။

Tiffany " ဒီ လတွေအတွင်း သူ့ကို အရင်ကလို ချစ်သေးလား ဆိုတော့ အင်း ပိုတောင် ပိုလာမိတယ်လို့ ထင်တယ် "

Wendy - ' Unnie ထလေ လေယာဉ်ပေါ်မှာပဲ နေတော့မှာလား '

Tiffany ရဲ့ အတွေး တိမ်တိုက်တို့မှာ သူမ ညီမကြောင့် လေထဲမှာ ပျောက်ကွယ်သွားလေတယ်။ ထို့နောက် Tiffany တို့ Luggage တွေ ယူကာ လေယာဉ်ပေါ်မှ ဆင်းခဲ့ကြလေတယ်။ လေဆိပ် အဝနားရောက်တော့ ညီမ ၂ ယောက် ရပ်ကာ Joy Taxi ငှားနေသည်ကို စကားတပြောပြောနဲ့ ရပ်ကာ စောင့်နေလေတယ်။ ထိုစဉ် Tiffany တစ်ဖက်လမ်းကို ကြည့်မိတော့ ၄-၅ နှစ်အရွယ် ကလေးလေးက လမ်းမကို တက်ရန် ပြင်နေလေသည်။ သူမလည်း အေးခနဲ ဖြစ်သွားတဲ့ လက်တစ်စုံနဲ့အတူ ခြေလှမ်းတွေက ထို ကလေးလေး ရှိရာဆီသို့ အပြေးသွားမိလေတယ်။ သို့သော် ကလေးဇောနဲ့ဆိုတော့ ကားပါကင်နောက်ခြမ်းက ထွက်လာတဲ့ လူကို ဝင်တိုက်မိလေရာ………

L.A Lovers ☑ Where stories live. Discover now