// ၁ //

4.5K 274 9
                                    

>>> လု . . . . . . . .ဟန်​ . . . . .!!!! <<<

ကျယ်​​လောင်​စွာ ထွက်​​ပေါ်လာ​သော မား အသံ​ကြောင့်
လုဟန်​ ကုတင်​​ပေါ်မှ ၀ုန်းကနဲ ကုန်းထကာ မျက်​လုံးပြူး
မျက်​ဆံပြူးဖြင့်​ အထိတ်​တလန့်​ ​ကြည့်​ရင်း . . . .

>>> ဘာလို့လဲ . . . ဘာလို့လဲ မား . . . မီး​လောင်​​နေတာလား . . . မုန်​တိုင်းတိုက်​လို့လား . . . ဘာဖြစ်​လို့လဲ ဟင်
မား . . .အား . အား နာတယ်​ . . . အား <<<

လုဟန်​ အ​မေးကို မ​ဖြေပဲ ရုတ်​တရက်​ လုဟန်​ နားရွက်​ကို
လိမ်​ဆွဲကာ အခန်းနံရံမှာ ချိတ်​ထား​သော နာရီကို လက်​ညှိုး
ညွှန်​ပြ လိုက်​​တော့မှ နဂိုက ပြူးကျယ်​​နေ​သော လုဟန်​ မျက်
လုံးများ နှစ်​ဆမက ပိုမိုပြူးကျယ်​ သွား​တော့သည်​။

နာရီလက်​တံများက ၈ နာရီ တိတိ ။

>>> အား . . . . ဒီ​နေ့ လူ​ရွေးပွဲ ရှိပါတယ်​ဆိုမှ . . . ငါ​တော့ ​နောက်​ကျပါပြီ . . . . <<<

နားရွက်​​ပေါ်က မား လက်​​တွေကို ဆွဲဖယ်​ကာ ၀ရုန်းသုန်းကား ဖြင့်​​ရေချိုးခန်းရှိရာကို ​ပြေးရင်း လမ်းတစ်​​လျောက်​မှာ
အ၀တ်​အစား​တွေကိုတစ်​​နေရာစီချွတ်​ပုံခဲ့လိုက်ပြီးမှမီးထွက်
မတတ်​စိုက်​ကြည့်​​နေ​သော မား ကို ပြန်​လှည့်​ကြည့်​ကာသွားဖြဲရယ်​ပြလိုက်​ရင်း ​ရေချိုးခန်းထဲ​ရောက်​သည်​နှင့်​ သွား
တိုက်​ကာ ​အေးစက်​စက်​ ​ရေပန်းကို ဖွင့်​ချပြီး ၀င်​ရပ်​လိုက်
တော့ တစ်​ကိုယ်​လုံး​အေးမြ လန်းဆန်းသွား​တော့သည်​။

ပုံမှန်​အားဖြင့်​ ​ရေကိုအားပါးတရ စိမ်​ချိုးရမှ သ​ဘောကျတတ်
သော လုဟန်​ တစ်​​ယောက်​ ဒီ​နေ့​တော့ဖြင့်​ ​ရေချိုးဆပ်​ပြာ
ရည်​ပင်​နှံ့ ​အောင်​ မတိုက်​နိုင်​ပဲ အမြန်​ဆုံး လက်​စသတ်​ကာ
နံရံကပ်​ ဗီရို​လေးထဲက တဘတ်​ဖြူ တစ်​ထည်​ကို ထုတ်ယူလိုက်ပြီး ​​ခါးမှာပတ်​ကာ ​နောက်​တစ်​ထည်​ကို ​ရေစို​နေ​သော
ဆံပင်​များကို သုတ်​ရင်း ​ရေချိုးခန်းထဲမှ ထွက်​ခဲ့လိုက်​​တော့သည်​။

တော်​၀င်​ ချစ်​သူ ....Where stories live. Discover now