ရုတ်တရက်မိမိလက်ကိုအတင်းဆွဲခေါ်
လာသော မင်းကြီးကြောင့် လုဟန် လဲ
နောက်ကနေ အပြေးတစ်ပိုင်းလိုက်လာ
ခဲ့ရတော့သည်...>>> မင်း... မင်းကြီး ...<<<
မ၀ံ့မရဲခေါ်ကာ လက်ကိုရုန်းလိုက်မိပေမယ့်
လွတ်လပ်မသွားပဲပိုမိုတင်းကြပ်စွာဆုပ်ကိုင်
ခံလိုက်ရပြီး ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်
တဲ့ မင်းကြီးကြောင့် အပြေးအလွှားလိုက်လာ
ခဲ့ရရင်း တစ်နေရာအရောက်....ဘုတ် !!!!
အင့် !
နံရံတစ်ခုမှာကပ်ကာရပ်စေလိုက်တာကြောင့်
ကျောပြင်တစ်ခုလုံး အောင့်တက်သွားရသည်
မင်းကြီး မျက်နှာကို အလန့်တကြားမော်ကြည့်
မိတော့ နီမြန်းနေသော မင်းကြီးရဲ့မျက်နှာက
လုဟန် မျက်နှာနဲ့ နီးကပ်လွန်းနေတာကြောင့်
မင်းကြီးရဲ့ ၀င်သက်ထွက်သက်တွေက လုဟန်
မျက်နှာပေါ်ကို လာရောက်ရိုက်ခတ်နေသည်....ဘာလဲ... ဒါကဘယ်လိုအခြေအနေမျိုးလဲ မင်းကြီး
ကျွန်တော့်ကို စိတ်ဆိုးနေတာလား...ဘာကြောင့်လဲ
မဟုတ်မှ... ကျွန်တော်မိန်းကလေးမဟုတ်တာ သိ
သွား.....>>> မင်း အခုဘာလုပ်နေတာလဲ.. ဟန် ....<<<
မင်းကြီးရဲ့အမေးစကားကြောင့် ကျွန်တော်မင်းကြီး
ကိုမ၀ံ့မရဲ မော့ကြည့်မိရင်း....>>> ဘာ.... ဘာလို့လဲ.. မင်းကြီး... <<<
လွှတ်ကနဲမေးလိုက်မိပြီးမှ မိမိမေးခွန်းမှားသွားမှန်း
သိလိုက်ရသည် .... နီမြန်းနေသောမင်းကြီးမျက်နှာ
က ပိုမိုအရောင်ရင့်လာကာ ကျွန်တော့်ကို စူးစူးစိုက်
စိုက်ကြည့်လာတာမို့ မနေတတ်စွာ ခေါင်းငုံ့လိုက်မိ
သည်.....လုဟန် မင်းတော့သွားပြီပဲ.... ဘယ်လိုလုပ်ပြီး
မင်းကြီးကို သွားမေးခွန်းထုတ်ရဲရတာလဲ... မင်း
တော့ အသတ်ခံရတော့မယ်... ခွင့်လွှတ်ပါ မား
ကျွန်တော် မား ဆီကို ပြန်မလာနိုင်တော့ဘူးထင်
ပါတယ်.....
YOU ARE READING
တော်ဝင် ချစ်သူ ....
Fanfictionမင်းက ရွှေငါးကလေးတစ်ကောင်ဆိုရင် ကိုယ်က မင်းအတွက် ရေကန်လေး တူးပေးမယ်.... မင်းက ယုန်ကလေးတစ်ကောင်ဆိုရင် ကိုယ်က တောအုပ်လေးတစ်ခုဖန်တီးပေးမယ်....... မင်းက ငှက်ကလေးတစ်ကောင်ဆိုရင် ကိုယ်က လှောင်အိမ်လေးဆောက်ပေးမယ်...