// ၂ //

2.8K 258 31
                                    

ဒုတိယအကြိမ်​​မြောက်​ ပြန်​လည်​နိုးထလာချိန်​မှာ လုဟန်​ 
 ​ရောက်​​နေ​သော ​နေရာက သစ်​လုံးများဖြင့်​ ​လေးဘက်
လေးတန်​ ကာရံထား​သော အချုပ်​ခန်းဖြစ်​ဟန်​တူ​သော
အခန်းငယ်​တစ်​ခု ။

>>> ဒါ ဘယ်​လိုဖြစ်​တာလဲ <<<

အ​မှောင်​ထုထဲမှာ အလင်း​ရောင်​ဖြာ ​နေ​သောမီးတိုင်​များ အစီအရီ ထွန်းညှိထား​သော လမ်းတစ်​​လျှောက်​ မှာ ​နေရာ
ယူထားကြ​သော ရဲမက်​အ၀တ်​အစား ၀တ်​ လူတစ်​ချို့....

ကြမ်းပြင်​မှာ ခင်​ထား​သော ​ကောက်​ရိုးစများ .....

အခန်း​ထောင့်​မှာ ချထား​သော ဘူးသီးခွံ ခွက်​ထဲမှ အ​ငွေ့တ​တောင်း​ထောင်းထ​နေ​သော အညိုရောင်ထမင်းများနဲ့ သစ်​သားဇွန်းတစ်
ချောင်း.......

>>> ဒီမှာ...ဒီမှာ ဦး​လေးကြီးတို့... ကျွန်​​တော့်​ကို
ဘာ​ကြောင့်​ဖမ်းထားတာလဲ.... ဒါ.... ဒါက ဘယ်​​နေရာလဲ ...<<<

>>> တိတ်​တိတ်​​နေစမ်း မိန်းက​လေး .... မင်းကို
တိုင်းပြည်​ ပုန်​ကန်​မှု နဲ့ မသင်္ကာလို့ ဖမ်းဆီးထားရတာပဲ.... မနက်​ဖြန်​ စစ်​​ဆေး​မေးမြန်းပြီး ပြည်​သူ​တွေ အ​ရှေ့မှာ ​သေဒဏ်​​ပေး​တော့မှာ... မင်းရဲ့ ​နောက်​ဆုံးညစာကို ၀​အောင်​စားထား ... <<<

မိန်းက​လေး ? ​တိုင်းပြည်​ပုန်​ကန်​မှု ? ​သေဒဏ်​? ...ဒါ​တွေ အားလုံးက ဘာ​တွေလဲ။ မဟုတ်​မှ ကိုရီးယား ဒရမ်​မာ ​တွေ
ထဲကလို အတိတ်​ကို ပြန်​​ရောက်​လာတာမျိုး​တော့မဟုတ်
လောက်​ပါဘူး။ ငါ အိမ်​မက်​မက်​​နေတာ​နေမှာပါ အိပ်​ယာနိုး
ရင်​ အကုန်​ အဆင်​​ပြေသွားမှာပါ ဟုတ်​တယ်​ ငါ အိပ်​ရမယ်
ဒါမှ အိပ်​​ပျော်​သွားပြီး နိုးလာရင်​ ဒီ​ကြောက်​စရာ ​နေရာက
နေအမြန်​ဆုံး လွတ်​​မြောက်​မှာ အိပ်​ရမယ်​ ငါ အိပ်​ရမယ်​။

ကောက်​ရိုးများအပြည့်​ခင်းထား​သော ထိုအခန်း​လေးထဲမှာ
ကျောချကာ လက်​​မောင်းတစ်​ဖက်​ကို ​ခေါင်းအုံးရင်း မျက်​လုံးများကို ဇွတ်​မှိတ်​ကာ အမြန်​ဆုံးအိပ်​​ပျော်​နိုင်​ရန်​ကြိုးစားလိုက်
မိသည်​။

တော်​၀င်​ ချစ်​သူ ....Where stories live. Discover now