>>> မင်းကြီး ကြွချီလာပါပြီ <<<
ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသော
အထိန်းတော် ဂွန် ရဲ့အသံကြောင့်ကျွန်တော်
အိပ်ယာပေါ်ထိုင်နေရာမှ အလန့်တကြားထခုန်
လိုက်မိသည်....။>>> မင်းကြီးရောက်လာပြီ .... ငါဘယ်လိုလုပ်
ရမလဲ..ဘယ်လိုလုပ်ရမလဲ .... ငါ .... ဘယ်လို
ရမလဲ.... ငါ အသတ်ခံရတော့မှာလား..... <<<အိပ်ဆောင်ထဲမှာ ဂဏှာမငြိမ်ဟိုပြေးဒီပြေးဖြစ်
နေသော ကျွန်တော် စိုးရိမ်ထိတ်လန့်မှုကြောင့်
ချွေးပင်ပျံလာခဲ့ရသည်...။ မနက်က တော်ဝင်
အခန်းအနားမှာ သတိထားမိရသလောက်တော့
အမတ်ကြီးတွေလို့ထင်ရတဲ့လူစုဟာမိမိကိုအလို
မကျဟန်ဖြင့် ကြည့်နေခဲ့ကြသည်..။မိဖုရားအတွက်
လဲ ကြင်ယာတော်ဆိုတဲ့ မိမိဟာ အနှောင့်အယှက်
တစ်ခု ....။ ပြီးတော့ ကျွန်တော် ဖတ်ဖူးမှတ်ဖူးသော
ဂျိုဆွန်း သမိုင်းတွေထဲမှာ ၀မ်နိုင်ငံဟာ ဂျိုဆွန်း ကို
အင်အားသုံးကာ လက်အောက်ခံနိုင်ငံတစ်ခုလို
သဘောထားပြီး ဖိနှိပ်ဆက်ဆံခဲ့တာဖြစ်ကြောင်း
သိရသည်...။ မင်းကြီးအပြောအရ ကျွန်တော့်ကို
ဝမ်နိုင်ငံက ဆက်သ သည့်ကြင်ယာတော်လို့ သိ
ထားကြသောဂျိုဆွန်းပြည်သူများအတွက်လဲကျွန်
တော်ဟာ ရန်သူတစ်ယောက်...။ မင်းကြီး ကြောင့်
သာ မဟုတ်ရင် ဒီဂျိုဆွန်းမြေပေါ်မှာ ကျွန်တော် အ
သက်ရှင်လျက် နေနိုင်မည်မဟုတ်ပေ ...။ သို့သော်
ယခု ကျွန်တော့်ရဲ့ ဘ၀မှန်ကို သိသွားလျှင် မင်းကြီး
ကိုယ်တိုင်ပင် အမျက်တော်ရှကာ ကျွန်တော့်ကို သတ်
ပစ်လိုက်နိုင်သည်..။ကျွန်တော့် အတွက်မျှော်လင့်ချက်
ကင်းမဲ့လုနီးပါး ဖြစ်နေလေပြီ ....>>> ဟန် <<<
>>> မားမား <<<
ရုတ်တရက် နားထဲအထိရိုက်ခတ်လာသော
ခပ်နွေးနွေး ၀င်သက်ထွက်သက်တို့နဲ့အတူ
နူးညံ့စွာထွက်ပေါ်လာတဲ့အသံကြောင့် အထိတ်
တလန့် အော်လိုက်မိပြီးမှ အနောက်ကို လှည့်
ကြည့်ရင်း .....
YOU ARE READING
တော်ဝင် ချစ်သူ ....
Fanfictionမင်းက ရွှေငါးကလေးတစ်ကောင်ဆိုရင် ကိုယ်က မင်းအတွက် ရေကန်လေး တူးပေးမယ်.... မင်းက ယုန်ကလေးတစ်ကောင်ဆိုရင် ကိုယ်က တောအုပ်လေးတစ်ခုဖန်တီးပေးမယ်....... မင်းက ငှက်ကလေးတစ်ကောင်ဆိုရင် ကိုယ်က လှောင်အိမ်လေးဆောက်ပေးမယ်...