အဖြူ ရောင်အငွေ့များ ထနေသော
သစ်သားဖြင့်ပြုလုပ်ထားသည့် ရေ
ကန်လေးထဲမှာ စိမ်ကာရေချိုးနေရင်း
အတွေးများက ဂယောက်ဂယက်
မင်းကြီးဆိုသူရဲ့ ခေါ်ဆောင်ရာကို
လိုက်လာခဲ့ရင်း လမ်းတစ်လျှောက်
မှာ တွေ့ခဲ့ရသော ပတ်ဝန်းကျင် နဲ့
လူများအားလုံးဟာတကယ်ကိုဒရမ်မာ
ကားထဲကလို ဂျိုဆွန်းခေတ်ကလိုပင်။ဒါဆိုကျွန်တော်ဟာ အိမ်မက်တစ်ခု
မဟုတ်ပဲ တကယ်ပဲဂျိုဆွန်းခေတ်ကို
ရောက်လာခဲ့တာလား...?
ဘာကြောင့်လဲ .... ?
အိမ်မက်တစ်ခုဆိုရင် ကျွန်တော်မနာ
ကျင်နိုင်ဘူးမဟုတ်လား။ဒါဟာအိမ်မက်
တစ်ခုလို့ဆိုရအောင်လဲရဲမက်တွေရဲ့ရိုက်
နှက်ကန်ကျောက်ခံရမှုကြောင့်ခန္ဓာကိုယ်
တစ်ခုလုံး နာကျင်ကိုက်ခဲနေရုံသာမက
တံတောင်နဲ့လက်တွေမှာ ပွန်းပဲ့နေသော
ဒဏ်ရာလေးများမှ သွေးစို့ ကာနာကျင်နေ
မှုကို ခံစားနေရသည်။ဒါဆို အိမ်မက်မဟုတ်
ဘူးမလား။! ဒေါက် ဒေါက် ဒေါက် !
>>> ဘယ်သူလဲ ..... <<<
အပြင်ဘက်ဆီမှ တံခါးခေါက်သံကြောင့်
အသံပေးလိုက်တော့ ရုတ်တရက် တိတ်
ဆိတ်သွားတာမို့ ထိတ်လန့်သွားမိသည်။
ခုဏမင်းကြီးပြောခဲ့သော စကားတွေအရ
ကျွန်တော့်ကိုအားလုံးကမိန်းကလေးဟုသာ
သိထားကြပြီး မင်းကြီးရဲ့ ကြင်ယာတော်
လောင်းဟု ကြေညာခဲ့တာကြောင့်လုပ်ကြံ
သူတွေက အလစ်ချောင်းကာ အချိန်မရွေး
တိုက်ခိုက်နိုင်သည်မဟုတ်ပါလား။မိမိ
မရင်းနှီးသောနေရာဖြစ်နေတာကြောင့်
ယုံကြည်၍ မရနိုင်သော သူစိမ်းများသာ
ရှိသော ဒီနေရာမှာ သတိလက်လွတ်နေ
ရင်း သေဆုံးသွားခဲ့ရင် မား ရှိနေသော
ကျွန်တော့်ရဲ့ ကမ္ဘာကို ပြန်သွားခွင့်ရလိုက်
မှာ မဟုတ်ပေ။
! ဒေါက် ဒေါက် ဒေါက် !ဒုတိယအကြိမ်မြောက် တံခါးခေါက်လာ
ချိန်မှာတော့ ကျွန်တော်ရေစိမ်နေရာမှ
အသံမကြားအောင်ထကာဘေးမှာအသင့်
ချထားသော အဖြူ ရောင်ဝတ်ရုံရှည်ကြီးကို
ဆွဲဝတ်လိုက်ပြီး အနားမှာမျက်စိတစ်ချက်ဝေ့
ကြည့်လိုက်တော့ လက်နက်အဖြစ်အသုံးပြု
နိုင်သောပစ္စည်းနဲ့တူတာပင်မရှိ။ကြံရာမရသည့်
အဆုံး ရေခပ်ရာတွင်အသုံးပြုဟန်တူသော သစ်
သားခွက်ကို တိတ်တိတ် ကလေးကောက်ယူကာ
ခြေသံလုံလုံဖြင့်တံခါးဝစီတိုးကပ်သွားလိုက်မိသည်။
YOU ARE READING
တော်ဝင် ချစ်သူ ....
Fanfictionမင်းက ရွှေငါးကလေးတစ်ကောင်ဆိုရင် ကိုယ်က မင်းအတွက် ရေကန်လေး တူးပေးမယ်.... မင်းက ယုန်ကလေးတစ်ကောင်ဆိုရင် ကိုယ်က တောအုပ်လေးတစ်ခုဖန်တီးပေးမယ်....... မင်းက ငှက်ကလေးတစ်ကောင်ဆိုရင် ကိုယ်က လှောင်အိမ်လေးဆောက်ပေးမယ်...