// ၅ //

2.4K 219 17
                                    

>>> အား! !! ဂျန် ရှန့်ကုံး...<<<

ကျွန်တော်လက်ထဲကအပ်ကိုပစ်ချလိုက်ပြီး
စိတ်မရှည်စွာခေါ်လိုက်တော့ ပြာပြာသလဲ
အပြေးရောက်လာသော  ဂျန် ရှန့်ကုံးက
ကျွန်တော့် လက်ကိုဆွဲယူလိုက်ရင်း...

>>> နန်းတွင်းသမားတော်ကြီးကို....အမြန်သွား
ပင့်ကြစမ်း...ကြင်ယာတော်ထိခိုက်ထားတယ်...<<<

>>> ခဏ.. ခဏ.... ခဏနေပါဦး.... <<<

ဂျန် ရှန့်ကုံးအမိန့်ကြောင့် အပြေးအလွှား
သမားတော်သွားပင့်ရန်ခြေလှမ်းပြင်နေသော
အပျိုတော်ကို လက်ကာတားလိုက်ရင်း ဂျန်
ရှန့်ကုံးကိုပါ ကြည့်လိုက်ပြီး.....

>>> ဒီလောက်လေးထိခိုက်တာ.... သမားတော်ပြ
ဖို့အထိ မလိုပါဘူး.... ဒါကို ဆက်မလုပ်လို့မရဘူး
လား ဂျန် ရှန့်ကုံး........ <<<

>>>  မဖြစ်ပါဘူး ကြင်ယာတော်..... မကြာခင်မှာ
ကြင်ယာတော်က မင်းကြီးရဲ့ တရားဝင် ကြင်
ယာတော် အဖြစ် ခန့်အပ်ချင်းခံရမှာမို့ နန်းတွင်း
ဓလေ့ထုံးတမ်းတွေနဲ့ သိသင့်သိအပ်တဲ့ပညာတွေ
ကို အမြန်ဆုံးသင်ကြားရမယ်လို့ မင်းကြီးက အမိန့်
တော်မှတ်ထားပါတယ်...... <<<

ရုပ်တည်တည်နဲ့ အလေးအနက်ပြောလာသော
ဂျန် ရှန့်ကုံးစကားကြောင့်ကျွန်တော်ကပဲအရှုံးပေး
လိုက်ရတော့တယ်...။နန်းတွင်းသမားတော်ကြီး
ကိုယ်တိုင် အပ်စူးတဲ့ ဒဏ်ရာပိစိလေးကို နှစ်နာရီ
လောက်ကြာအောင် စစ်ဆေးကြည့်ရှုသွားပြီး များ
စွာသော ဆေးညွှန်းတွေကို အားမနာပါးမနာပေးသွား
ခဲ့သေးတယ်...။

အရင်က ကျွန်တော့်ကို အနားကနေအမြဲအရိပ်
အကဲကြည့်ကာ ဖြည့်ဆည်းပေးနေတတ်တဲ့ မား
ဆီကဆူပူသံလေးတွေကိုသတိရမိသွားသေးတယ်
အခု နန်းတွင်းမှာတော့ မင်းကြီးရဲ့ ကြင်ယာတော်
လောင်းဆိုတဲ့ ဂုဏ်ရှိန်ကြောင့် ဘယ်သူကမှ မဆူ
ရဲ မအော်ရဲကြဘူးလေ...။ အခုလိုသက်သောင့်သက်
သာ နေရတဲ့ဘဝကို နှစ်သက်မိပေမယ့် ကိုယ့်နေရာ
မဟုတ်လို့လားမသိ အေးချမ်းစွာ မနေနိုင်ပေ...။ တစ်
နေ့တစ်နေ့ မနက်အိပ်ယာ နိုးလာတိုင်း ဒီအိမ်မက်ရှည်
ကြီးက နိုးပြီလားလို့ အမြဲအထိတ်တလန့်ဖြစ်နေရတာလဲ
တစ်ရက် နှစ်ရက်ပင် မကတော့ပေ...။

တော်​၀င်​ ချစ်​သူ ....Where stories live. Discover now