// ၄ //

2.7K 242 33
                                    

နန်း​ဆောင်​ပြတင်းက​နေ အပြင်​က
ိုလှမ်း​ငေးကြည့်​ရင်း မား ကိုသတိရ
သွားမိသည်​။ကိုရီးယားကို စ​ရောက်
ကာစက မား နဲ့အတူ ဆိုလ်း နန်း​တော်
ကို သွား​​ရောက်လ​ည်​ပတ်​ခဲ့ဖူးသည်​မ
ဟုတ်​ပါလား။အခုအချိန်​​လောက်​ဆို
ကျွန်​​တော်​​ပျောက်​သွားလို့ မား အရမ်း
စိုးရိမ်​​နေမည်​ကို ​တွေးမိ​တော့စိတ်​​မော
စွာ သက်​ပြင်းတစ်​ချက်​ချလိုက်​မိသည်​။

' ဟင်း ..... ´

>>> ဘာ​တွေအလိုမကျ ဖြစ်​​နေတာလဲ
ကြင်​ယာ​တော်​ ဟန်​ ......<<<

ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော ​မေးခွန်း
နဲ့အတူ ​မိမိကိုယ်​ကို အ​နောက်​ဘက်​က​နေ
သိုင်းဖက်​ခြင်းခံလိုက်​ရတာ​ကြောင့်​ ပို၍ပင်
စိတ်​ညစ်​သွားမိသည်​။လူမြင်​ကွင်းမှာပင်​ယခု
လို မိမိကို ပိုင်​စိုးပိုင်​နင်းဆန်​ဆန်​ပြုမူသူကား
ဂျိုဆွန်း နိုင်​ငံ​တော်​ရဲ့ ဘုရင်​မင်းမြတ်​ကြီးဖြစ်
သော အိုဆယ်​ဟွန်း ဆိုသည့်​ ထိုလူကလွဲရင်
မရှိ​ပေ။

အသက်​​ဘေး​ကြောင့်​သာမ​ပြောသာ​ပေမယ့်
တခြား​ယောကျာ်းတစ်​​ယောက်​က မိမိကိုမိန်း
က​လေးတစ်​​ယောက်​လို ဆက်​ဆံပြုမူ​နေသည်
ကို လုဟန်​ နည်းနည်းမှသ​ဘောမကျပါ။ပိုဆိုး
သည်​က အဆက်​သခံရသည့်​ ကြင်​ယာ​တော်
တွေထဲမှာမှ မိမိကိုအမြတ်​နိုးဆုံးအဖြစ်​​ရွေးချယ်
ထားခြင်း​ကြောင့်​ အချိန်​ရှိသ​ရွေ့ အနားမှာကပ်
ကာ ဖက်​လိုက်​နမ်းလိုက်​နှင့်​စိတ်​ကြိုက်​ချယ်​လှယ်
နေ​တော့သည်​။ ၀မ်​ နိုင်​ငံမှဆက်​သခြင်းခံရ​သော
ကြင်​ယာ​တော်​ဖြစ်​တာမို့ တရားဝင်​မခန့်​အပ်​ရ​သေး
သ​ရွေ့ အိပ်​​ဆောင်​၀င်​ခွင့်​မရှိ​ပေ။အရိုးရှင်းဆုံး​ပြော
ရလျှင်​​တော့ ကြင်​ယာ​တော်​အဖြစ်​သတ်​မှတ်​ခံထား
ရ​ပေမယ့်​ကြင်​ယာ​တော်​အစစ်​မဖြစ်​​သေးတာ​ကြောင့်
ပွေ့ ဖက်​နမ်းရှုံ့ ရုံထက်​ ပို၍မရ​သေးခြင်းဖြစ်​သည်​။
ထို့​ကြောင့်​သာလဲ လုဟန်​ ရဲ့ဘ၀အစစ်​အမှန်​ကို
မင်းကြီး မရိပ်​မိ​သေးခြင်းဖြစ်​သည်​။သို့​သော်​လဲ
ယောကျာ်း​လေးတစ်​​ယောက်​ကို မိန်းမသားတစ်
ယောက်​နဲ့ ထင်​မှတ်​မှားရ​လောက်​တဲ့ မင်းကြီး
ကို အံ့သြမိသည်​က​တော့ အမှန်​ပင်​ဖြစ်​သည်​။

တော်​၀င်​ ချစ်​သူ ....Where stories live. Discover now