နှစ်ရက်လုံးလုံး အိပ်ယာပေါ်မှာ တုတ်တုတ်မှမလှုပ်ပဲ ထိုင်
နေမိတဲ့ ကျွန်တော့်ကို အထူးအဆန်းလို မကြာခဏ လာ
ကြည့်နေတဲ့ မား ကို ဘာဖြေရှင်းချက်မှ မပေးနိုင်ခဲ့ပါ ....ဒီ နှစ်ရက်လုံးမှာ စက္ကန့်မလပ် ကျွန်တော်တွေးနေခဲ့မိတာက ကျွန်တော်ဘာဖြစ်သွားတာလဲလို့ပေါ့ .....
လွန်ခဲ့တဲ့ ၂ ရက်မတိုင်ခင်အထိ မင်းကြီး ရဲ့ ရင်ခွင်ထဲမှာ
ဂျိုဆွန်းခေတ်ရဲ့ နန်းတော်ကြီးထဲမှာ ရက်ပေါင်းများစွာ
လအတန်ကြာတဲ့အထိ ကျွန်တော်ရှိနေခဲ့တာပဲ ......ရုတ်တရက် အကြောင်းရင်းမသိတဲ့ နာကျင်မှုတစ်ခုနဲ့ အသိလွတ်ပြီး ပြန်သတိရလာခဲ့ချိန်မှာဆေးရုံတစ်ခုရဲ့ကုတင်
တစ်ခုပေါ်မှာ ဖြစ်နေခဲ့တယ် ......ဘာကိုမှ စဉ်းစားတွေးတော နိုင်စွမ်းမရှိတဲ့အချိန်မှာ ရုတ်တရက် အလင်းတစ်ခုလို ဖြတ်ကနဲခေါင်းထဲရောက်လာခဲ့
တာက မား ....ကျွန်တော့်ရဲ့ မား .....
လအတန်ကြာ ဝေးကွာနေခဲ့ရတဲ့ ကျွန်တော် ချစ်ရတဲ့ မား
ဆီကို အပြေးပြန်လာခဲ့ပေမယ့် .... ကျွန်တော့်ကို တွေ့တဲ့
အချိန်မှာ သူမ ၀မ်းသာပျော်ရွှင်မသွားခဲ့ဘူး ......•••••••••
>>> မား ... မား ... ကျွန်တော် ပြန်လာပြီ .... ကျွန်တော်
ပြန်လာပြီ ....<<<ကျွန်တော် အိမ်ထဲကို အပြေးဝင်လာတော့ မီးဖိုမှာ တစ်ခု
ခု ချက်ပြုတ်နေပုံရတဲ့ မား ကို အသင့်တွေ့လိုက်ရတာ မို့
အားရ၀မ်းသာအော်ဟစ်ရင်း အပြေးသွားပြီး မား ကို တင်း
တင်း ကြပ်ကြပ် ဖက်ထားလိုက်ရင်း .....>>> သတိရလိုက်တာ ..... အရမ်း သတိရနေတာ မား ...
တောင်းပန်ပါတယ် ... အကြာကြီးထားခဲ့မိလို့ .... တောင်း
ပန်ပါတယ် မား <<<>>> ဟဲ့ ... လွှတ် ... လွှတ်စမ်းပါဦး လုဟန် ရယ် .... အဟွတ် ... ငါ အသက်ရှူလို့မရတော့ဘူး ..... ဖယ်စမ်းပါဦး... ဘာတွေဖြစ်လာရတာလဲ .....<<<
YOU ARE READING
တော်ဝင် ချစ်သူ ....
Fanfictionမင်းက ရွှေငါးကလေးတစ်ကောင်ဆိုရင် ကိုယ်က မင်းအတွက် ရေကန်လေး တူးပေးမယ်.... မင်းက ယုန်ကလေးတစ်ကောင်ဆိုရင် ကိုယ်က တောအုပ်လေးတစ်ခုဖန်တီးပေးမယ်....... မင်းက ငှက်ကလေးတစ်ကောင်ဆိုရင် ကိုယ်က လှောင်အိမ်လေးဆောက်ပေးမယ်...