'လုဟန် မင်းရဲ့ စာအုပ် '
မင်ဆော့ လာပေးတဲ့စာအုပ်လေးကို အသက်မပါစွာ
ယူရင်း ကျွန်တော် ကော်ဖီဆိုင်ထဲက ထွက်လာခဲ့
လိုက်မိသည်....ပိတ်ရက်မို့ လူအတန်ငယ်ရှင်းနေပေမယ့် စာလာ
လုပ်ကြတဲ့ ကျောင်းသားတွေအပြင် ပွဲနေ့အတွက်
အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြတဲ့သူတွေက
လဲမနည်းလှတာမို့ ကျောင်းဝန်းထဲလူအတန်အသင့်
ရှိနေခဲ့သည် ....' မင်းဒီနေ့ လေ့ကျင့်ဖို့ရှိလို့လား လုဟန် ... ´
' မရှိပါဘူး ...´
' ဒါဆို ကျောင်းကိုဘာလို့ ... ´
လုဟန် စိတ်ရှုပ်ရင်လုပ်နေကျအတိုင်း ဆံပင်တွေကို
လက်ထိုးဖွလိုက်ကာ မင်ဆော့ အမေးကို မဖြေပဲ အရှေ့ကထွက်လာခဲ့လိုက်တော့သည် ....အကြောင်းရင်းမရှိပဲ အရူးတစ်ယောက်လို နာကျင်
ခံစားငိုကြွေးနေရတာတွေ ပြောပြတော့ရော ဘယ်
သူက နားလည်ပေးနိုင်မှာတဲ့လဲ ......လူတွေအားလုံးက ကျွန်တော့်ကို ရူးနေကြတယ်လို့ ထင်နေကြမှာပေါ့ .... ဒါကလဲ သူတို့အလွန်မှ
မဟုတ်ပဲလေ ကျွန်တော် ခံစားကြုံတွေ့ခဲ့ရတာတွေကို သူတို့တွေ မသိနိုင် မမြင်နိုင်သလို ကျွန်တော်ကလဲသက်သေမပြနိုင်ဘူး မဟုတ်လား .....' ဟူး .... မင်းကြီး ..... ´
' ဘယ်ကမင်းကြီးလဲ ... ´
' ဟင် .... မင်ဆော့ ... ´
ကျွန်တော့်ပခုံးပေါ်လက်တင်ရင်းမေးလာတာကြောင့်
အထိတ်တလန့် လှည့်ကြည့်လိုက်တော့ သွားတွေအကုန်ပေါ်အောင် ပြုံးပြနေတဲ့ မင်ဆော့ ရဲ့ ပုံစံက ချစ်စရာကလေးတစ်ယောက်နဲ့ တူနေတာမို့ စိတ်
ညစ်နေတဲ့ကြားက သဘောကျစွာ ပြုံးလိုက်မိသေး
သည် ......မင်ဆော့ က အဆောင်ထဲ ၀င်ကာနီး ကျွန်တော့်ရဲ့
ခြေလှမ်းတွေကို ဦးတည်ရာပြောင်းစေပြီးအနောက်ဘက်ကနေ တွန်းလာရင်း .......
YOU ARE READING
တော်ဝင် ချစ်သူ ....
Fanfictionမင်းက ရွှေငါးကလေးတစ်ကောင်ဆိုရင် ကိုယ်က မင်းအတွက် ရေကန်လေး တူးပေးမယ်.... မင်းက ယုန်ကလေးတစ်ကောင်ဆိုရင် ကိုယ်က တောအုပ်လေးတစ်ခုဖန်တီးပေးမယ်....... မင်းက ငှက်ကလေးတစ်ကောင်ဆိုရင် ကိုယ်က လှောင်အိမ်လေးဆောက်ပေးမယ်...