// ၇ //

2.1K 211 36
                                    

>>> ဟန်​ <<<

မင်းကြီးရဲ့ ​ခေါ်သံ​ကြောင့်​ လုဟန်
ကိုယ်​​လေး တုန်​သွားသည့်​ အဖြစ်​ကို
ကြည့်​ရင်း မင်းကြီး က ဟက်​ဟက်
ပက်​ပက်​ ရယ်​​မော​လေ​တော့သည်​။

>>> ဟားဟားဟား ..... ဘာ​တွေများ
ဒီ​လောက်​​တောင်​ ထိတ်​လန့်​​နေရတာလဲ
ဟန်​ <<<

>>> မ... မလန့်​ပါဘူး ....မင်းကြီး .... မင်းကြီး
က ရုတ်​တရက်​ကြီး ​ခေါ်လိုက်​​တော့ .... လန့်​သွား
လို့ပါ .... <<<

အထစ်​ထစ်​ အ​ငေါ့​ငေါ့နဲ့ ​ဖြေရှင်းချက်​​ပေး​နေ​သော
ဟန့်​ အနားကို တိုးကပ်​သွားလိုက်​ကာ မသိမသာ
တုန်​ရင်​​နေ​သော ဟန့်​ ကိုယ်​​လေးကို ရင်​ခွင်​ထဲ
ဆွဲ​ပွေ့လိုက်​​တော့ ......

>>> မင်း .... မင်းကြီး ...... <<<

လုဟန်​ ရဲ့ တားမြစ်​သံ​တွေ ကိုဥ​ပေက္ခာပြုကာ
မိမိရင်​ဘတ်​ကို တွန်း​နေ​သော လက်​​သေး​သေး
လေး​တွေကို ချုပ်​ကိုင်​ကာ နီ​စွေး​စွေး နှုတ်​ခမ်း
လေးကို ထိကပ်​ကာ နမ်းရှိုက်​လိုက်​သည်​.....။

>>> အွန်း ....<<<

တိုးတိတ်​​သော ညည်းညူသံတစ်​ခု ....
အမျိုးအမည်​မသိ​သော ကိုယ်​သင်းရနံ့ ​လေး ....
ရပ်​တန့်​နိုင်​စွမ်း​တွေ ကုန်​ဆုံးသွား​လောက်​​အောင်
နူးညံ့ချိုမြိန်​​သော နှုတ်​ခမ်းပါး​လေး ......

>>> မင်းရဲ့ နှုတ်​ခမ်း​တွေက ... အရမ်းကို ချိုမြိန်
လွန်းတယ်​ ..... ဟန်​ .....<<<

အနမ်း​တွေကို ရပ်​ကာ ဟန့်​ ရဲ့ မျက်​လုံး​တွေကို
သေ​သေချာချာ စိုက်​ကြည့်​လိုက်​ပြီး ​ပြောလိုက်
တော့ ဖြူ​ဖွေးနုဖပ်​​နေ​သော မျက်​နှာ နုနု​လေး
က ရှက်​​သွေးဖြန်းကာ ရဲကနဲ .....

>>> ဟန်​ ...... <<<

>>> ဟုတ်​ .... ဟုတ်​ကဲ့ မင်းကြီး ...<<<

>>> မင်းကို ချစ်​တယ်​ ဟန်​ <<<

မင်းကြီးရဲ့ စကား​ကြောင့်​ လုဟန်​ မျက်​နှာ
တစ်​ခုလုံး ​ရေ​နွေးနဲ့အပက်​ခံလိုက်​ရသလို
ပူရှိန်းစပ်​ဖျင်းသွား​တော့သည်​...။ အကယ်​၍
မိမိ သာ ​ယောကျာ်း​လေး တစ်​​ယောက်​ဆိုတာ
ကို သိသွားခဲ့ရင်​.. ဒီစကားကို ​ပြောမိတဲ့အတွက်
နောင်​တ ရသွားနိုင်​သည်​ မဟုတ်​ပါလား ....

တော်​၀င်​ ချစ်​သူ ....Where stories live. Discover now