(Zawgyi)
"ဖေဖေ.......ဖေဖေ.........ဖေဖေ......."
မန္တလေးဆေးရုံကြီး နှလုံးအထူးကုဆောင်ရဲ့ ဒုတိယအထပ် လူနာကုတင်ပေါ်မှာ တင်ပျင်ခွေလေးထိုင်ပြီး ပြတင်ပေါက်အပြင်ဖက်ကိုငေးနေတဲ့ ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်။
နှုတ်မှ ဖေဖေ ဟူ၍တိုးတိုးလေးရွတ်ဆိုနေသည့် ကောင်လေး၏မျက်ဝန်းတွေက ရေသေပမာ ပကတိတည်ငြိမ်နေသည်။
"သားငယ်....
ထမင်းစားရအောင်နော်....
မေမေ သားကြိုက်တာတွေချက်လာတယ်....."ချိုင့်ကိုဖွင့်ပြီး နေ့လည်စာစားရန်ပြင်ဆင်နေသည့် မိခင်နှင့် အစ်ကိုဖြစ်သူတွေကိုကြည့်ပြီး ပြုံးနေလေသည်။
မေမေစိတ်ချမ်းသာအောင် သူထမင်းကိုငြင်းဆန်ခြင်းမရှိဘဲ ကုန်အောင်စားလိုက်သည်။
မေမေတို့ပန်းကန်တွေသွားဆေးတော့ သူချည်သားအင်္ကျီလက်ရှည်လေးကို အပေါ်ဆွဲတင်ပြီးကြည့်လိုက်ရာ အပ်ရာတွေက နေရာအနှံ့ရှိနေပြီး သွေးကြောစိမ်းလေးကိုဖောက်ထွင်းထားသည့် ပိုက်ကလေးကလည်းအခန့်သားနေရာယူထားသည်။
"ငယ်လေး.....
ဆေးထိုးရအောင်....."တာဝန်ကျဆရာဝန်လေး၏စကားသံကိုကြားလိုက်တော့ အစ်ကိုနှစ်ယောက်က သူ့ခြေတွေလက်တွေကိုလှုပ်မရအောင် လာချုပ်ကြလေသည်။
ိပိုက်မှတဆင့် ဆေးထိုးအပ်လေးနှင့် ထိုးထည့်လိုက်သည့် ဆေးရည်အနည်းငယ်ဟာ သူ့လက်သွေးကြောတွေထဲကိုဝင်ရောက်ပြီး တစ်ကိုယ်လုံးကိုပြန့်နှံ့ချိန်မှာတော့ သူ့အတွက်ငရဲခန်းထဲကိုရောက်ရှိချိန်ပင်။
"အားးးး!!!"
ဘယ်လိုပဲအံကိုတင်းနေအောင်ကြိတ်ထားပါစေ နာကျင်လွန်းသော သွေးကြောတွေကြောင့် အော်ဟစ်ကာ ရုန်းကန်မိပြန်သည်။
မျက်ရည်ကိုသူမမြင်အောင်ခိုးသုတ်နေသည့် မေမေ့ကိုဆက်မကြည့်နိုင်တာကြောင့် သူမျက်ဝန်းတွေကိုသာ တင်းနေအောင်မှိတ်ထားလိုက်သည်။
မနာပါဘူး.......
အဆင်ပြေပါတယ်.......မနာပါဘူး.......စိတ်ထဲကအထပ်ထပ်ရွတ်ဆိုရင်း သူငြိမ်သက်သွားသည်။
YOU ARE READING
Glossary Of Alive (Completed)
Teen FictionAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)