Unicode
လေယာဉ်တစ်ဆင့် ကားတစ်ဆင့်နှင့် ခရီးနှင်ရပေမယ့် သလင်းမြူ ပင်ပန်းသလိုမခံစားမိ....
တစ်လမ်းလုံးကောင်းကင်ကိုမှီပြီး စကားတွေပြောတယ် သီချင်းနားထောင်တယ် ....
သူတို့နှစ်ယောက်စလုံး ပြုံးရယ်နေခဲ့ကြတာပါ...
သူ့ကိုစိတ်ပူပြီး ခဏခဏဖုန်းဆက်တဲ့ကိုကိုကလည်း သူတစ်ခါမှမအန်ဘူးဆိုလို့ အံ့ဩနေသည်။
""Aureum Palace Ngwe Saung Hotel""
ကောင်းကင် booking လုပ်ထားသည့် Executive Villa သို့ hotel ဝန်ထမ်းလေးတွေကလိုက်ပို့ရာ သူကတော့ ကောင်းကင်ရဲ့လက်ကိုတွဲပြီး ပတ်ဝန်းကျင်ကိုငေးမောနေခဲ့သည်။
ပင်လယ်ကမ်းခြေကိုရောက်ဖူးတာသူ့အတွက် ဒါပထမဆုံးပဲလေ...
"လှလိုက်တာ...."
သီးသန့်ရေကူးကန်နှင့် ပင်လယ်ကြီးကိုမြင်နေရသည့် Villa လေးတွေထဲကတစ်ခု....
"သဘောကျလား..."
"အင်း....
ဟို ရွက်လှေကြီးပေါ်တက်လို့ရလား..."
"ရတာပေါ့...
ညကျရင် အဲ့အပေါ်မှာ ညစာစားကြမယ်လေ..."
"မိုက်တယ်... "သူ့ပုခုံးတွေကိုဖက်ထားရင်း ကောင်းကင်လည်း ပင်လယ်ပြင်ကြီးကိုငေးကြည့်နေသည်။
"အပြင်လျှောက်လည်မလား..."
သလင်းမြူ ခေါင်းလေးတဆတ်ဆတ်ညိတ်ပြတော့ ကောင်းကင်ကရယ်သည်။
"ရေအရင်ချိုးဦးမယ်...."
"ဟုတ်ပြီဗျာ..."T shirt နဲ့ ဘောင်းဘီရှည်ကိုဝတ်ဆင်ပြီး အပြင်မှာနေပူရှိန်ပြင်းသောကြောင့် အပေါ်ကနေ Shirt လက်ရှည်တစ်ထည်ကို ထပ်ဝတ်ကာ သူတို့ထွက်လာခဲ့သည်။
ချစ်သူများကျွန်းကိုလမ်းလျှောက်သွားရင်း ပင်လယ်ကနေလာသည့် လေကိုရှူရိုက်ကာ ပါးပြင်နှင့် ဆံနွယ်တွေထက်မကြာခဏရောက်လာသော ကောင်းကင်ရဲ့အနမ်းတွေကို အရမ်းကြိုက်သည်။
အုန်းစိမ်းရည်လေးကိုသောက်ရင်း ပင်လယ်ကြီးကိုအတူကြည့်သည်။
ကျောက်ဆောင်တွေပေါ်လျှောက်သွားကာ ကောင်းကင်ရဲ့ကျောပြင်ကိုလည်း သူဓာတ်ပုံတွေရိုက်မိသည်။
CZYTASZ
Glossary Of Alive (Completed)
Dla nastolatkówAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)