Unicode
"ဓန.....
အဲ့လူငါ့ဆီလာတယ်...."
"....ဘာ.....ဘာတွေပြော သွားသေးလဲ..."တစ်ဖက်ကစူးနေရောင်ထက်အသံကသိသိသာသာကို ခြောက်ခြားနေသည်။
"ပိုက်ဆံလာတောင်းတာ...
ငါကမပေးဘူးပြောလို့ video ဖွင့်ပြသွားတယ်...."
"Video......
မင်းအပြင်ဘယ်သူတွေမြင်သွားလဲ...."
"ကောင်းကင်အပါအဝင် တေဇတို့ရော ကန်တင်းမှာရှိသမျှလူတွေအကုန်နီးပါး...."
"............."
"စိတ်အရမ်းပူမနေနဲ့
အဲ့ video ထဲကငါမဟုတ်ပါဘူးဆိုပြီး သက်သေပြထားတယ်....
video ကိုလည်းဖျက်ဆီးပစ်လိုက်ပြီ သူထပ်ပြီးခြိမ်းခြောက်စရာမရှိတော့ဘူး...."
"အဲ့လောက်မလွယ်ဘူး...
သူကအရမ်းယုတ်မာတဲ့ကောင်......
မင်းသတိထားရမယ်...."
"စူးနေရောင်ထက် မင်း ဆေးစွဲနေခဲ့တာလား...."
"......."
"Sorry ငါ့မှာမေးပိုင်ခွင့်မရှိတာကိုငါမေ့သွားတယ်....
ဆေးစွဲနေရင်လည်း ရအောင်ဖြတ်ပါ....
မင်းဘဝကိုဒီလိုမျိုးအပျက်ဆီးမခံနဲ့....
ဓနကိစ္စတွေရှိရင်လည်း ငါရှင်းလိုက်မယ်...
မင်းငါ့ကိုငှါးထားတော့ ငါကတာဝန်ကျေရမှာပေါ့....."
"သလင်းမြူ...."
"အင်းပြော...."
"ကျေး...ဇူး"ကောင်းကောင်းတောင်မကြားလိုက်ရ စူးနေရောင်ထက်က ဖုန်းချသွားခဲ့ပြီ....
"ဟူး....."
ဒီနေ့ခါတိုင်းထက်ရာသီဥတုပိုပူသည်ထင် သူအသက်ရှူရမဝသလိုခံစားနေရသည်။
တံခါးတွေအကုန်ဖွင့်တာတောင် သိပ်အဆင်မပြေ....
တစ်ချက်တစ်ချက်အသက်ရှူလိုက်တိုင်း ရင်ဘက်ကစူးအောင့်သွားသေးသည်။
"နေရောင်...."
သူ့အခန်းထဲဝင်လာသည့် ကောင်းကင်က သူ့ကိုသိုင်းဖက်ရင်း ပါးချင်းလာပွတ်နေသည်။
"စူးတယ်ဟ....!"
ကောင်းကင်ရဲ့ ခပ်ရေးရေး နှုတ်ခမ်းမွှေးတိုတိုတို့ကြောင့် သလင်းမြူ သည်းမခံနိုင်စွာ အော်မိသည်။
"အာ sorry ကိုယ်နှုတ်ခမ်းမွှေးရိတ်ဖို့မေ့နေတာ..."
သလင်းမြူ ကုတင်ပေါ်လှဲကာ game ဆော့နေလိုက်တော့ ကောင်းကင်က လူကိုဟိုထိသည်ထိလုပ်နေပြန်သည်။
![](https://img.wattpad.com/cover/142625192-288-k15492.jpg)
YOU ARE READING
Glossary Of Alive (Completed)
Teen FictionAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)