Unicode
"ဒီမှာခဏစောင့်....
ငါအင်္ကျီသွားဝတ်လိုက်ဦးမယ်...."ကောင်းကင်ကို sofa ပေါ်ထိုင်စေခဲ့ပြီး သလင်းမြူအခန်းထဲဝင်ကာ ထုတ်ထားသည့် အိမ်နေရင်းအဝတ်တစ်စုံကိုခပ်မြန်မြန်ကောက်စွပ်လိုက်သည်။
ဖုန်းယူပြီး ဧည့်ခန်းထဲပြန်ထွက်လာကာ သူမျက်နှာကိုတင်းထားလိုက်သည်။
"မင်းဆိုင်ကယ်နဲ့လာတာလား..."
"အင်း..."
"ငါ taxi ခေါ်ပေးမယ်....
အိမ်ပြန်တော့ မင်းဆိုင်ကယ်ကိုတစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်မယ်..."သလင်းမြူ ပြောပြောဆိုဆိုပဲ Taxi ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
"Hello....
ဦးလေးအခုအားလား...."
"......"
"မြန်မြန်လေးလာပေး..."
"ဦးလေးလာစရာမလိုတော့ပါဘူး...
အနှောက်အယှက်ပေးမိတာတောင်းပန်ပါတယ်..."သူပြောနေသည့်ဖုန်းကိုလုယူပြောပြီး ဖုန်းချပစ်သည့်ကောင်းကင်....
"မင်းဘာလုပ်တာလဲ.... "
"မြူကရောဘာလုပ်တာလဲ.... "ဖုန်းကို စားပွဲပေါ်တင်ကာ မတ်တပ်ရပ်ပြီးသူနှင့်မျက်နှာချင်းဆိုင်လာသည်။
"မင်းကိုအိမ်ပြန်ပို့ပေးမလို့လေ...."
"ကိုယ်ပြန်မယ်ပြောမိလား....."
"မင်းဘာဖြစ်နေတာလဲ....
ငါခွင့်မပြုဘဲငါ့အခန်းထဲမင်းအတင်းဝင်တယ်...
ပြဿနာရှာတယ်...."
"မြူကလည်းဘာဖြစ်နေတာလဲ....
ဘာလို့အရင်လို ကိုယ့်ကိုလက်မခံနိုင်ရတာလဲ...
ကိုယ့်ကိုမယုံကြည်ဘူးလားဟင်.....
ကိုယ့်ချစ်သူဖြစ်တဲ့မင်းကို စူးနေရောင်ထက်လက်ကနေကိုယ်ကာကွယ်ပေးနိုင်ပါတယ်...
ကိုယ့်လက်ကိုသာမြဲမြဲတွဲထားစမ်းပါ...."သူ့ရှေ့ကိုကောင်းကင်ကလက်ကမ်းပေးသည်။
ညို့ဓာတ်ပြင်းသည့် မျက်ဝန်းတွေကိုရှောင်ရှားရန် မျက်နှာလွှဲလိုက်ပေမယ့် ချက်ချင်း သူ့မေးမှကိုင်ကာ ပြန်လှည့်ခံရသည်။
"ကိုယ်ကတိပေးနိုင်တယ်....
ချစ်နဲ့ချစ်မိသားစုကို ကာကွယ်ပေးမယ်...."သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လာပြီး ခန္ဓာကိုယ်ဟာလည်း ကောင်းကင်ရင်ခွင်ထဲတွင် ထွေးပွေးခံလိုက်ရသည်။
![](https://img.wattpad.com/cover/142625192-288-k15492.jpg)
STAI LEGGENDO
Glossary Of Alive (Completed)
Teen FictionAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)