Unicode
"သားဝပြီ...."
ထမင်းစားပွဲကနေအရင်ဆုံးထသွားတဲ့ငယ်လေး။
ပန်းကန်ထဲကထည့်ပေးထားသည့် ထမင်းတွေကလည်း အရာမယွင်း။တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းမှာ မေမေ့ရဲ့ သက်ပြင်းချသံတိုးတိုးကထွက်ပေါ်လာသည်။
"ငယ်လေးစိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီးသွားကြမလား....."
"ကောင်းသားပဲ ဘယ်သွားမှာလဲဟင်...."
"အလောင်းတော်ကဿပ...
ဒီရာသီဥတုက သွားလို့အကောင်းဆုံးပဲ..."
"လမ်းကနည်းနည်းကြမ်းမယ်ထင်တယ်....
ငယ်လေးအဆင်ပြေပါ့မလား....."မေမေတို့တိုင်ပင်နေကြတာကို မင်းညီဆက်နားမထောင်တော့ပဲ ထမင်းဝိုင်းမှထကာ ငယ်လေးရှိရာအခန်းသို့လှမ်းလာခဲ့သည်။
"ငယ်လေး..."
သူ့ခေါ်သံကြောင့် အပြင်ကိုငေးနေသည့် ငယ်လေးကလှည့်ကြည့်လာလေသည်။
"ဘာစားချင်လဲ ကိုကိုသွားဝယ်ပေးမယ်လေ..."
ခေါင်းလေးသာယမ်းပြပြီး မျက်ဝန်းတွေက အပြင်ကိုပြန်ငေးနေလေသည်။
"အဖေကိုင်ထားထားတယ် မကြောက်နဲ့ နင်းနင်း"
9 နှစ်အရွယ် ကောင်လေးကို ဖခင်ဖြစ်သူကစက်ဘီးစီးသင်ပေးနေသည်ကို ငယ်လေးက ကြည့်နေခြင်းပင်။
"အဖေ!!!"
သားအဖနှစ်ယောက် အော်လိုက်ဟစ်လိုက်နှင့် ဆူညံနေသည်ကို ကြည့်နေရင်း ငယ်လေးကလက်သီးလေးတွေကိုဆုပ်ထားလေသည်။
မင်းညီရင်ထဲမွန်းကြပ်သွားသည်။ ငယ်လေးအခုခံစားနေရတာကို သူနားလည်သည်။ သူလည်း တစ်ချိန်က ဒီလိုတွေခံစားခဲ့ရဖူးသည်။
ခုံလေးပေါ်မှာ ခြေထောက်လေးပါတင်ပြီး ကြုံ့ကြုံ့လေးထိုင်နေသည့် ငယ်လေးခန္ဓာကိုယ်ကို မင်းညီပွေ့ချီလိုက်သည်။
"ကိုကိုနဲ့ဈေးထဲသွားရအောင်...."
"မသွားချင်ဘူး....."ပွေ့ချီထားတာကိုမကြိုက်သည့်ငယ်လေးက စူပုတ်ပုတ်လေးနှင့် ရုန်းနေသည်။
"အဲ့တာဆို စက်ဘီးစီးသင်မလား...."
ရုန်းနေရာမှ ငြိမ်သွားကာ တကယ်လားဆိုသည့် အကြည့်လေးများနှင့် သူ့ကိုပြူးပြူးလေးကြည့်နေသည်။
![](https://img.wattpad.com/cover/142625192-288-k15492.jpg)
VOCÊ ESTÁ LENDO
Glossary Of Alive (Completed)
Ficção AdolescenteAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)