Unicode
ကျောင်းအတော်ကြာအောင်ပြန်မတက်သည့် သလင်းမြူထံ သွေးနှင့်အတူ အတန်းမော်နီတာ ဝေယံတို့အဖွဲ့နေ့တိုင်းရောက်လာကာ သူ့ကိုကျောင်းပြန်တက်ဖို့နှင့် ရယ်စရာပေါင်းစုံကို တစ်နေ့တစ်မျိုး မရိုးအောင်လာပြောကြသည်။
သူတို့ကြောင့်လည်း သလင်းမြူ ပြန်လည်ပြုံးရယ်လာခဲ့ရာ မိခင်ဖြစ်သူနှင့် အစ်ကိုများလည်း စိတ်ချမ်းသာကြရသည်။
သူကျောင်းပြန်တက်ချိန်မှာတော့ မင်းသစ်အာကာကိုလုံးဝမတွေ့ရတော့ချေ။ သွေးပြောသောကြောင့်သာ ကျောင်းပြောင်းသွားကြောင်းသိရလေသည်။
သူ့ရဲ့နေ့ရက်တွေဟာ အရင်ကထက်ပိုပြီး ပျော်ရွှင်စရာကောင်းလာခဲ့သည်။ သွေးအပြင် သူငယ်ချင်းတွေလည်းအများကြီးရှိလာကာ ကဲ့ရဲ့ခြင်းတွေမှ ဝေးကွာခဲ့ရတော့သည်။
ခြောက်တန်း နောက်ဆုံးစာမေးပွဲဖြေပြီးသည့်နေ့ အိမ်ကိုလာမကြိုခိုင်းဘဲ ဝေယံစက်ဘီးနောက်မှလိုက်ကာ သူပြန်ခဲ့သည်။
ဆိုင်အနောက်မှာရှိသည့် အိမ်သို့သူလှမ်းလာစဉ် ကောင်တာတွင်ထိုင်နေသည့် မေမေ့ကိုတွေ့သောကြောင့် သူအပြေးလေးသွားဖက်လိုက်သည်။
မေမေ အရေးတကြီးကိစ္စနှင့် ဟားခါးဘက်ကိုထွက်သွားတာ တစ်ပတ်လောက်ပင်ရှိခဲ့ပြီး အခုမှပြန်ရောက်ပုံပင်။
"စာမေးပွဲဖြေနိုင်လား"
"ဟုတ်...
မေမေ့ကိုလွမ်းနေတာ..."မေမေ့က သူ့ဆံပင်လေးတွေကိုသပ်ကာ ရယ်လေသည်။
"သားငယ်လေး... "
"ဗျာ..."
"မေမေ သားအတွက်အစ်ကိုတစ်ယောက်ခေါ်လာတယ်..."
"အစ်ကို...?"
"အင်း..အစ်ကို...
မေမေ ဟားခါးကိုသွားတာ မေမေ့သူငယ်ချင်းဆုံးသွားလို့....
အခု မေမေ့သူငယ်ချင်းရဲ့သားကို ခေါ်လာတယ်
ဟိုမှာ သူတစ်ယောက်တည်း ဆွေမရှိမျိုးမရှိနဲ့မို့လို့...."သလင်းမြူ မေမေပြောပြတာကိုခေါင်းလေးသာညိတ်ရင်း နားထောင်နေလိုက်သည်။
"အဲ့အစ်ကိုမှာ ဖေဖေရောမရှိတော့ဘူးလားဟင်"
"အင်း သူ့ဖေဖေလည်းမရှိတော့ဘူး...."
"သနားပါတယ်...... "
"သူ့အတွက်အခန်းမပြင်ရသေးလို့ လောလောဆယ်တော့ သားငယ်လေးအခန်းမှာပဲ သူ့ကိုနေခိုင်းထားတယ်....
မေမေ့သားလေး အဆင်ပြေလား.... "
"အဆင်ပြေပါတယ်...
သား အဲ့အစ်ကိုနဲ့အတူတူနေလိုက်မယ်..."
"လိမ္မာတယ်...."
![](https://img.wattpad.com/cover/142625192-288-k15492.jpg)
VOUS LISEZ
Glossary Of Alive (Completed)
Roman pour AdolescentsAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)