Unicode
"ညနေကျရင်...
အတန်းပြီးမယ့်အချိန်ကို message ပို့လိုက်
ကိုကိုမအားရင်တောင် ဦးထွန်းကိုလွှတ်လိုက်မယ်နော်...."
"ဟုတ်...."
"နေ့လည်စာကို မဟုတ်တာတွေမစားနဲ့နော်...."
"ဟုတ်ကဲ့..."အလုပ်သွားရင်းသူ့ကို ကျောင်းကိုယ်တိုင်လိုက်ပို့သည့် ကိုကိုက တစ်ခုပြီးတစ်ခုမပြီးနိုင်မစီးနိုင်မှာနေသည်။
ပြောနေတဲ့ကိုကိုဘယ်လိုနေလဲတော့မသိ နားထောင်ရင်း ပြန်ဖြေခေါင်းငြိမ့်နေရသူမှာတော့ နားတွေပူပြီး အာပင်ခြောက်နေပြီ....
"ငယ်လေး..."
ဋ္ဌာနအရှေ့ရောက်သည်နှင့် သူ့ကားပေါ်ကအမြန်ဆင်းတော့ နောက်ပါးမှ ကိုကိုက သူ့ကိုခေါ်ပြန်သည်။
"မပြီးသေးဘူးလား ကိုကိုရာ..."
ခြေဆောင့်ကာသူစိတ်တိုမှုကြောင့် နှုတ်ခမ်းစူတော့ ကိုကိုကအနားရောက်လာကာ ရယ်သည်။
"စူပုပ်မနေနဲ့....
ပေးစရာတစ်ခုမေ့နေလို့...."
"ဘာပေးမလို့လဲ..."သူ့ပါးပြင်ကို ကိုကိုကနှာတံနှစ်ကာ သွားနှင့် ခပ်ဖွဖွကိုက်လေသည်။
"ဒါလေး..."
"ဟာ...ကိုကိုနော်..."သူ့နှုတ်ခမ်းပိုစူလာကာ ကိုကိုကိုက်လိုက်သည့် ပါးပြင်ကိုပွတ်သပ်နေမိသည်။
"နှုတ်ခမ်းလေးစူမထားနဲ့...
ကိုကိုကိုက်ပစ်မှာနော်..."ပြောပြောဆိုဆိုအနားတိုးလာပြန်သည့် ကိုကို့ကြောင့် သူဋ္ဌာနဆီကိုပြေးရတော့သည်။
အနောက်ဆီမှ ကိုကို့ရယ်သံကိုတော့ သူကြားလိုက်ရသည်။
"ဘယ်လိုလူကြီးလဲမသိဘူး.....
လူကိုပေါင်မုန့်လို လာလာကိုက်နေတယ်......
....
အမ်မလေး..!"သူပွစိပွစိရေရွတ်ရင်း အခန်းရှေ့ရောက်တော့ မျက်မှောင်ကျုံ့ကြီးနှင့် မျက်ကွင်းညိုနေသည့် angry bird ကြောင့်လန့်သွားရသည်။
"မင်းအတန်းထဲမဝင်ဘဲ ဘာလုပ်နေတာလဲ... "
ပြန်မဖြေဘဲ ကောင်းကင်ကသူ့ကိုအစိမ်းလိုက်ဝါးစားမလိုကြည့်နေဆဲမို့ ကြက်သီးတွေပင်ထလာသည်။
VOCÊ ESTÁ LENDO
Glossary Of Alive (Completed)
Ficção AdolescenteAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)