Unicode
"မင်းဘယ်သူလဲလို့...... ငါမေးနေတယ်....."
ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ခါယမ်းသည့်ကောင်းကင်...
ဇောချွေးတွေပျံလာပေမယ့် ဟန်မပျက်အောင်ထိန်းရင်း စူးနေရောင်ထက် ပြန်ဖြေရန်ကြိုးစားသည်။
"ကိုကလည်း....
ချစ်ကစူးနေရောင်ထက်လေ......"
"မင်းမဟုတ်ဘူး...."
"ကိုဘာတွေပြောနေတာလဲ....
ချစ်နားမလည်ဘူး...."
"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ မင်းဘယ်သူလဲ...."
"ကို့ချစ်သူ စူးနေရောင်ထက်..... "
"မင်းကစူးနေရောင်ထက်မှန်ရင်တောင်....
............
ငါ့ချစ်သူတော့မဟုတ်ဘူး....."သေချာသွားသောဆုံးဖြတ်ချက်နှင့်အတူ ကောင်းကင်ရဲ့မျက်ဝန်းထဲမှာ ပြတ်သားမှုတွေ....
"ကို...."
လက်ကိုဆွဲဖို့ကြိုးစားသည့် စူးနေရောင်ထက်ကို ရှောင်လိုက်သည်။
"ကို!"
အနောက်ကနေအတင်းဖက်လာသည့် လက်တွေကိုလည်း ကောင်းကင်ခပ်ကြမ်းကြမ်းဆွဲဖြုတ်သည်။
"ငါ့ကိုမထိနဲ့ စူးနေရောင်ထက်.....
ငါမကြိုက်ဘူး...."
"ကိုဘာဖြစ်နေတာလဲ...."
"ဟန်ဆောင်မနေပါနဲ့...
တော်စမ်းပါ....
သိသာလွန်းတယ်...."ပြေလျော့သွားသည့် ခါးပေါ်ကလက်တွေနှင့် ထွက်ပေါ်လာသည့် လှောင်ပြောင်သလိုရယ်သံ....
"မင်းဘာရယ်တာလဲ....."
"ဒီ game ကတဖြည်းဖြည်းနဲ့ ပျင်းစရာကောင်းလာပြီ......
စစ်သိလား....."
"Game?
မင်းဘာပြောလဲ ငါစိတ်မဝင်စားဘူး စူးနေရောင်ထက်.....
ငါစိတ်ဝင်စားတာက
ငါ့ချစ်သူဘယ်မှာလဲ...
သူဘာလို့ရုတ်တရက် ပျောက်သွားရတာလဲ...."
"ခဏ....
စစ်ပြောတဲ့ချစ်သူဆိုတာ....
မဟုတ်မှ သလင်းမြူကိုပြောနေတာလား...."
"သူကလွဲရင်ဘယ်သူရှိဦးမှာလဲ...."
"စစ်ထင်တာမှားနေပြီ....
စစ်ရဲ့ချစ်သူက ဒီမှာရှိတဲ့ စူးနေရောင်ထက်လေ...
ငွေပေးခိုင်းလို့ရတဲ့ သလင်းမြူလိုအတုကောင်မဟုတ်ဘူး...."
"ဘာ...."
"အဲ့ကောင်သလင်းမြူက....
ပိုက်ဆံပေးရင် ဘာမဆိုခိုင်းလို့ရတဲ့ ကြေးစား!"ကောင်းကင်ရဲ့ဒေါသနဲ့ခြောက်ခြားမှုဟာမထိန်းချုပ်နိုင်တော့ဘဲ နေရောင့်ကိုလက်သီးနှင့်ရွယ်မိသည်။
YOU ARE READING
Glossary Of Alive (Completed)
Teen FictionAbout a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)