"မင်းတို့ အခု ဘယ်နေရာက လွတ်လာလဲဆိုတာ သိလား?"
ဇူးစ် ရဲ့ အမေးကြောင့် သူမျက်မှောင်ကျုံ့မိသည်။ စကြဝဠာထဲက အဆိပ်သင့်တဲ့နေရာတစ်ခု ဖြစ်မှာပေါ့။ ဘယ်ဂြိုလ်လဲတော့သူမသိ ။ ဘယ်လိုမှစဉ်းစားမရတဲ့အဆုံး ခေါင်းရမ်းမိသည်။ သူတို့ မောင်နှမတွေ မသိတဲ့ မေးခွန်းကို ဇူးစ် ကဖြေသည်။
"ခရိုနပ်စ် အစာအိမ်ထဲက"
ငါးယောက်လုံး ကြောင်ကြည့်နေမိသည်။ အစာအိမ်ထဲက? ဘယ်သူက သူတို့ကို အရှင်လတ်လတ် စားတာလဲ? ခရိုနပ်စ် ဆိုတာ ဘယ်သူလဲ.? သူတို့မွေးထဲက ဘယ်သူမှန်းမသိတဲ့ အစာအိမ်ထဲ ပိတ်မိနေတာပေါ့ ။.. Kyungsoo ကအရူး မဟုတ် ။ဒီလောက် သဲလွန်စရှိရင် သူဆက်စပ်တွေးကြည့်လို့ရသည်။
ခရိုနပ်စ် ဆိုတဲ့ သတ္တ၀ါ က သူတို့ကို အစာအဖြစ်မြင်လို့ပဲ ဖြစ်ဖြစ် .. အသေသတ်ချင်လို့ပဲ ဖြစ်ဖြစ်.. မြိုချတာ ဖြစ်ရမည်။ အစာအဖြစ်မြင်ဖို့ကတော့ မဖြစ်နိုင်။ သူတို့နေနေခဲ့တယ့် အချိန်ပေါင်း များစွာအတွင်း တခြားသူတွေ ထပ်ရောက်လာသင့်သည် ။ ဒါပေမယ့် သူတို့ငါးယောက်သာ ရှိကြောင်း သူသိနေသည်။ အ့တော့ အစာအဖြစ်စားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။
သူတို့်ကို အသေသတ်ချင်လို့ ဖြစ်မယ်လို့ ဟေးဒီးစ် တွေးလိုက်သည် ။ ဒါပေမယ့် ဘာလို့သတ်မှာလဲ? မွေးထဲက သူတို့ကိုရန်မူနေတော့ သူတို့ကြောင့်ဆိုတာ မဖြစ်နိုင်ပါ။ သူတို့နဲ့ ပတ်သတ်တဲ့ သူတယောက်ယောက် ကြောင့်ဖြစ်ရမည် ။
"ငါတို့ကို ဘယ်သူကြောင့် သတ်တာလဲ?"
သူမေးလိုက်တဲ့ စကားကြောင့် Kai ကအံ့ဩသလိုကြည့်လာသည် ။ ဟ အံ့ဩသွားလား .. သူများဗိုက်ထဲမှာ နေလာခဲ့တဲ့သူက အပြင်ကငတုံးထက် ပိုတွေးတတ်တယ်ဆိုတာ..
သူအတွေးတွေကို Kai ဖတ်လို့ရမှန်းသိတော့ အောင်နိုင်သူအပြုံး ပြုံးမိသည်။ ဇူးစ် ကတော့ သူ့ကို မျက်စောင်းထိုးပီး အံကြိတ်နေသည် ။
"အ့ဒီ ခရိုနပ်စ် က ငါတို့အဖေဆိုတာ သိလား?"
ဒီတခါတော့ ဟေးဒီးစ် အံ့ဩမှုကို မဖုံးကွယ်နိုင်လိုက်ပါ။ သူ့အဖေရင်းက?? အ့သတ္တ၀ါကြီး ရူးနေတာလား?
နေပါဦး "ငါတို့" ဆိုတာ ဘာကိုပြောတာလဲ?