" ဟေးဒီးစ် ငါမေးနေတာဖြေလေ! "
သူ့ကို အော်နေတဲ့ ပိုဆိုဒ်ဒွန်ကိုကြည့်ပီး ကျိန်ဆဲမိသည်။ ဘာလို့ အခုမှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရတာလဲ။ တခါမှ မဆုံဖူးတဲ့ မောင်နှမတွေ အကုန်ဒီနေ့မှ ဆုံပီး သူ့ဆီရောက်လာတယ်။
သူ့မောင်နှမတွေ မျက်နှာကို အကဲခတ်လိုက်သည်။ ဒမီတာ နဲ့ ဟက်စ်တီရာက ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ဟီရာက ဘာမှမပြောပေမယ့် မျက်နှာအောက်ကို ငုံ့ထားသည်။ ပိုဆိုဒွန်ကတော့ ဒေါသအပြည့်နဲ့ သူ့အဖြေကို စောင့်နေသည်။
ဘာလဲ? သူတို့က အခုမှ ဘာလုပ်ကြမလို့လဲ? ပီးတာတွေက ပီးသွားခဲ့ပီ။ သူလိုအပ်နေတုန်းက သူ့ကိုယုံကြည်တဲ့သူ တယောက်ရှိခဲ့ကြလို့လား?
" မင်းတို့ဒီကို ဘာလာလုပ်တာလဲ "
သူဖြေမှာ မဟုတ်မှန်းသိနေတော့ ပိုဆိုဒ်ဒွန် ဒေါသတကြီးနဲ့ အခန်းပြင်ထွက်သွားသည်။ သူမျက်လုံးကို တင်းတင်းပိတ်ထားပီး သက်ပြင်းချမိသည်။ ဘာလို့ အခုမှ ကိစ္စတွေက ပိုရှုပ်ထွေးလာတာလဲ??
အခန်းထဲမှာ လှုပ်ရှားသံကြားသေးတော့ မျက်လုံးဖွင့်ကြည့်လိုက်သည်။
" ဟီရာ ဘာလုပ်နေတာလဲ? "
သူမ နာမည်ခေါ်သံကြားတော့ သူ့ကိုမော့ကြည့်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေဆီကနေ အကြည့်လွှဲသွားသည်။
" နင်ငါ့ကို မေးမလို့ ဆိုရင် ငါမသိ-- "
"ငါသိတယ် ဟေးဒီးစ်"
Kyungsoo သူ့အစ်မကို ငေးကြည့်နေမိသည်။ သိတယ်? ဘာကိုသိတာလဲ?
"အ့နေ့က ငါမြင်တယ်.. ဇူးစ် နင့်ကို ဘာလုပ်လိုက်လဲဆိုတာ"
သူ့ အစ်မဆိုသူကို ကြောင်ကြည့်နေရင်း ခေါင်းထဲ အတွေးပေါင်းစုံရောက်လာသည်။ အ့တာဆို ဘာလို့ သူ့ဘက်ရှိမနေပေးလဲ? သူ့ကိုဘာလို့ မကာကွယ်ပေးလဲ?
" Kyungsoo ငါတောင်းပန်ပါတယ် "
သူ့မောင်နှမတွေ ပါးစပ်က Kyungsoo ဆိုတဲ့နာမည် ထွက်လာတော့ နှလုံးက စူးခနဲဖြစ်သွားသည်။ ဘယ်လောက်ကြာနေပီလဲ? ဇူးစ်တယောက်ထဲက သူ့ကို နာမည်ခေါ်နေပေမယ့် တခြားမောင်နှမတွေက သူ့ကို Kyungsoo လို့မခေါ်တာ ဘယ်လောက်ကြာနေပီလဲ..