berber added Ksoo, Kai, savetheocean (Poseidon) ,deathiscool (thanatos) to a group.
berber : မိသားစု bonding time!!
Ksoo : ငါ ဒါအတွက် အချိန်မရှိဘူး ..
berber : 🙁
savetheocean : မင်းက ဘာတွေ အလုပ်ရှုပ်နေလို့လဲ?
Kai : မင်းနားလည်မှာ မဟုတ်တဲ့အရာတွေ.. အုပ်ချုပ်တာတို့ ကာကွယ်တာတို့.. 😔
berber : ရန်မဖြစ်ကြနဲ့လေ.. ပြေလည်အောင် gp ဖွဲ့ပေးတာကို
deathiscool : ငါက ဘာကိစ္စ ဒီ gp ထဲရောက်နေတာလဲ????
Ksoo : ငါ့သားဖြစ်နေပီး ဆားဘရက်စ် အစ်ကို ဖြစ်နေလို့ပေါ့ မတွေးတတ်ဘူးလား 😑
Kai : save the ocean??? User name ကလဲ...
savetheocean : မင်းတို့ နားမလည်ပါဘူး.. လူတွေကြောင့် သမုဒ္ဒရာတွေ ပင်လယ်တွေ ဘယ်လောက်တောင် ပျက်စီးနေပီလဲ 😒 သဘာဝ ချစ်မြတ်နိုးပါ
berber : ပိုဆိုဒ်ဒွန်က အမြော်အမြင်ရှိတာပဲ
savetheocean : ကျေးဇူးပဲ bae😍
Ksoo : ငါ့ရှေ့မှာ ပလူးပလဲ လာမလုပ်နဲ့!!!
savetheocean : မကျေနပ်ရင် ဇူးစ် ဆီသွားပါလား
Kai : သွားစရာမလိုဘူး ငါသူ့ဘေးမှာရှိပီးသား .. :)
savetheocean : ဘေးချင်းကပ်ရပ်ရှိနေတာကို ဘာလို့ gp chat ထဲဝင်ပြောနေတာလဲ?
deathiscool : မြင်နေရတာတွေ ရွံစရာတွေ.. ငါ ဒီ gp ထဲမှာ မနေနိုင်ဘူး
berber ban deathiscool from leaving this gp.
deathiscool : ဆားဘရက်စ်!!
berber : အဖေ လုပ်ခိုင်းတာ
Ksoo : သူများခံစားနေရရင် ငါပျော်တယ် :)
Kai : သာနိုတို့စ်ကို တယောက်ယောက်နဲ့ ပေးစားမှထင်တယ်.. အတွဲမရှိလို့ ခါးသီးနေတာ
deathiscool : မလိုဘူး ခင်ဗျားကိုလဲ မုန်းတယ်.. အခုထိ အဖေ ခင်ဗျားနဲ့ တွဲနေတာ မယုံနိုင်ဘူး
Kai : မင်းက မင်းအဖေ မဟုတ်ဘူး.. အ့တော့ ငါ မင်းအမြင်ကို ဂရုမစိုက်ဘူး :)
savetheocean : ငါလဲ ခုထိမယုံနိုင်ဘူး.. အ့လို မြေကြွက်နဲ့ တွဲတာကို
Kai : အနည်းဆုံးတော့ မင်းလိုမျိုး ခွေးနဲ့ မတွဲဘူးလေ
berber : အဖေ မကာကွယ်ပေးတော့ဘူးလား 😢
Ksoo : မင်းက ကလေးမဟုတ်တော့ဘူး ကိုယ့်ဟာကို ကာကွယ်တတ်ရမယ်😔
deathiscool : ကလေး ဖြစ်ချင်ယောင်ဆောင်နေတာ.. ဟိုတနေ့က အခန်းထဲမှာ porn ကြည့်နေတာ မြင်လိုက်တယ်
Ksoo : ဘာ!! ဆားဘရက်စ် မင်းက ကလေးပဲရှိသေးတယ်! အ့တာတွေ ကြည့်စရာလား!?
berber : ခုနကပဲ ကလေးမဟုတ်ဘူးဆို 😑
Ksoo : ဂရုမစိုက်ဘူး! အခု ကလေးဖြစ်သွားပီ
Kai : babe စိတ်လျှော့ ..
Ksoo : အ့ရေမြင်း အကျင့်ဆိုးတွေ ကူးကုန်ပီ .. အခုချိန်ကစပီး မတွေ့ရဘူး!
deathiscool : တစ်တွဲပြတ်လဲ နားအေးတာပဲ :)
savetheocean : berber ကိုမထိနဲ့.. မကြောက်နဲ့ ငါကာကွယ်ပေးမယ် ဒီစိတ်မမှန်တဲ့သူတွေဆီကနေ
berber : ❤
deathiscool : ငါအန်တော့မယ်
berber : မင်း user name အတိုင်းပဲ.. death is cool လေ.. သေလိုက်ပါလား
deathiscool : စောက်ကလေးက စကားပြောတတ်သားပဲ
Kai : ဟေးဒီးစ် မင်းသားတွေက ရိုင်းလိုက်တာ
Ksoo : ဒီစကား ကြားရတာ ငါဘာလို့ မအံ့ဩမိတော့တာလဲ
savetheocean : မင်းမျိုးရိုးလိုက်တာ ဖြစ်မှာပေါ့
Ksoo : ငါ့မျိုးရိုးက မင်းမျိုးရိုးနဲ့ တူတူပဲဆိုတာ သိသင့်တယ်
Kai : ..............
deathiscool : ဒီ gp ထဲကသူတွေအကုန် တစ်မျိုးရိုးထဲကပဲ ဆိုတာ သိသင့်တယ်
berber : .............
Ksoo : မင်းတို့နဲ့ အရည်မရ အဖတ်မရပြောရတာ အချိန်ကုန်တယ် အရေးတကြီး လုပ်စရာ ရှိတယ် သွားပီ
Kai : အ့တာ ငါ့ကိုခေါ်နေတာ :) သွားလိုက်ဦးမယ်
deathiscool : ဒီ gp ထဲကထုတ်ပေး!!
*******
ဒါက Fic ဇာတ်လမ်းနဲ့ ဘာမှမဆိုင်ဘူး
ဒါပေမယ့် non fiction တွေမှာ character တွေကို ဒီလို gp chat လေးတွေနဲ့ ရေးထားတာလေး မြင်တော့ နဂိုထဲက အ့လိုလေးရေးချင်တာနဲ့ အစမ်းရေးကြည့်တာ😂
သဘောကျရင် နောက်အပိုင်းတွေ ကြားထဲမှာ ထည့်ပေးမယ် 😂❤