စစ်ပွဲအတွင်းမှာ ကောင်းတဲ့အရာတစ်ခုက ဘယ်ချိန်မှာ ဘယ်လိုဖြစ်လာနိုင်မှန်း မသိတော့ ကြိုတင်ပြင်ဆင်မှု ရှိနေခြင်းဖြစ်သည်။ လက်နက်, စွမ်းရည်, အင်အား, စိတ်ဓာတ် အားလုံးကို အကုန်လုံးက သင်ပေးစရာမလိုပဲ အသင့်ဖြစ်နေကြခြင်း ဖြစ်သည်။
" Kyungsoo ငါ လိုက်ခဲ့ပါမယ်ဆို "
ခေါင်းမာနေတဲ့ ဇူးစ်ကို ခေါင်းရမ်းပြလိုက်သည်။ ဘယ်ဖြစ်မလဲ။
" မလိုက်နဲ့ "
စကားဆက်မပြောပဲ Kyungsoo ကိုယ့်စစ်ဝတ်စုံကိုသာ သေချာပြန်စစ်ရင်း လက်နက်တခုချင်းဆီ ထိုးထည့်နေလိုက်သည်။
" ဟေးဒီးစ် "
လေသံမာလာတဲ့ ဇူးစ်ကို မျက်လုံးနဲ့ပဲ သတိပေးလိုက်ရင်း သေနတ်ထဲ ကျည်ဖြည့်နေလိုက်သည်။ ဒဏ်ရာတွေက ပြန်မကောင်းသေးတာကို ဘာလို့ လိုက်ချင်နေရတာလဲ? သေချင်နေလို့လား?
" ဟေးဒီးစ်.. အကုန်လုံး သေလားရှင်လား မသိနိုင်တဲ့ အချိန်မှာ ငါတယောက်ထဲ ဒီဆေးရုံကုတင်ပေါ်မှာ ထိုင်မနေနိုင်ဘူး "
" အ့တာဆို ဘာလုပ်မှာလဲ.. ဇူးစ် စစ်တိုက်နေတာ မင်းအခုလို ခန္တာကိုယ် အခြေနေမျိုးနဲ့ အသက်ရှင်နိုင်မယ် ထင်နေလား!? "
" Kyungsoo ငါ့ကို စစ်မတိုက်ဖူးတဲ့သူ ထင်နေတာလား ..ငါမင်းရှေ့မှာတင် ခရိုနပ်စ်ကို အနိုင်ယူပီးပီ!! "
" ငါ့အကူညီနဲ့လေ! "
တယောက်နဲ့ တယောက် ဒေါသအပြည့်နဲ့ မျက်စောင်းထိုးရင်း အံကြိတ်ထားမိသည်။ အခြေအနေမသိနိုင်တာကို အခုလိုပါ ဖြစ်နေရလား??
" Kai အန္တရာယ်များတယ် မင်းကိုဆုံးရှုံးနိုင်ဖို့ အခွင့်ရေးများတယ်.. ငါ အ့အခွင့်ရေးကို မယူနိုင်ဘူး "
" အ့လောက်တိုက်ချင်ရင်လဲ ထွက်သွားလိုက်တော့ "
" သွားတယ် ပြန်လာဖို့ စိတ်ကူးမရှိဘူး "
ဇူးစ် ဘာမှပြန်မပြောနိုင်ခင် စစ်တိုက်မယ့်အနီးနေရာမှာ စောင့်နေတဲ့ အဖွဲ့ဆီ ထွက်လာလိုက်သည်။ သူ့စိတ်ကို ဘာလို့ နားမလည်နိုင်တာရလဲ? သူ ဒါလေးပဲ တောင်းဆိုဖူးတာ ဘာလို့ငြင်းချင်ရတာလဲ?