18

1.1K 173 16
                                    

မနီးမဝေးက ကြားနေရတဲ့ အချက်မှန်မှန်မြည်နေတဲ့ တတီတီမြည်သံရယ်.. မျက်လုံးဖွင့်လိုက်တာနဲ့ မြင်နေရတဲ့ အဖြူသက်သက် မျက်နှာကြက်ရယ်ကြောင့် သူ ဆေးရုံရောက်နေတာ ချက်ချင်းတန်းသိလိုက်သည်။

ကောင်းတယ်.. အခုတော့ ဆေးရုံတောင်ရောက်နေပီ။

လက်မှာ ထိုးသွင်းထားတဲ့ IV ကိုဆွဲဖြုတ်လိုက်ပီး မတ်တပ်ထရပ်လိုက်သည်။ ဆေးအရှိန် ရှိနေသေးတာကြောင့် ရုတ်တရက် ထရပ်လိုက်တော့ ခြေလှမ်းတွေယိုင်သွားသည်။
တံခါးဖွင့်သံကြားပေမယ့် သူ့ကိုယ်သူ မလဲအောင် ထိန်းထားရင်း အလုပ်ရှုပ်နေသည်။

" အဖေ! သတိရလာပီလား "

အခန်းပေါက်ဝကနေ သူ့ဘေးကို ပြေးလာတဲ့ ဆားဘရက်စ်ကို လက်မထောင်ပြလိုက်သည်။ ဖက်တာ သူ့အကြိုက်မဟုတ်ဘူး။

" ဘာဖြစ်သွားတာလဲ? ငါမှတ်မိတာ ရုတ်တရက်ကြီး အဝေးကို လွှင့်သွားတာပဲ "

" ဘယ်လိုဖြစ်သွားလဲဆိုတာ မသိလိုက်ဘူး.. ဒါပေမယ့် ကျွန်တော်တို့အကုန် အပေါက်ဝမှာရပ်နေတာ.. နောက်တော့ အဖေ ရပ်နေတဲ့အောက်ကနေ ၀ုန်းခနဲ ပေါက်ကွဲသွားတာ.. ဇူးစ် အမြန်ကာလိုက်လို့ အဖေ အ့လောက်မထိတာ.. သူကတော့ ထိတာ တော်တော်များတယ် "

Kai.. သူသတိမမေ့ခင် သူ့ကိုယ်ကို ကာကွယ်ထားတဲ့ လက်တွေကို သတိပြန်ရသွားသည်။

" သူ အခုဘယ်မှာလဲ "

" ဘေးခန်းမှာ "

ဆားဘရက်စ်ကို ခေါင်းညိမ့်ပြပီး ချက်ချင်း ဘေးခန်းကို ထွက်လာခဲ့သည်။ တံခါးဝရောက်တော့ Kyungsoo ဖွင့်မကြည့်ရဲ ဖြစ်နေသည်။ တအားကြီး အခြေအနေ မဆိုးလောက်ဘူး မလား? Kai က နတ်ဘုရားပဲလေ။ နတ်ဘုရားတောင်မှ အားလုံးရဲ့ ဘုရင်လေ။ အခုလောက်ဆို အကုန်ပြန်ကောင်းနေလောက်ပီ မလား??

အသက်ပြင်းပြင်း တချက်ရှုရင်း တံခါးတွန်းဖွင့်လိုက်သည်။ ကုတင်ပေါ်မှာ အေးအေးဆေးဆေး အိပ်နေတဲ့ Kai ကိုမြင်တော့မှ သက်ပြင်းချနိုင်သည်။ တော်သေးတာပေါ့။
ကုတင်ဘေးနားသွားပီး ဆေးအခြေအနေတွေ ဘာတွေကို စစ်ဆေးလိုက်မိသေးသည်။ ၀ါသနာက သတ်လို့မရဘူးပဲ။

Redemption [Completed]Where stories live. Discover now