ကြားလိုက်ရတဲ့ စကားကြောင့်လန့်ပီး ခြေတလှမ်း နောက်ဆုတ်မိသည်။ သူနောက်ဆုတ်တာ မြင်တော့ ဇူးစ် က စိန်ခေါ်သလို ကြည့်လာသည်။
" တွေ့လား kyungsoo မင်းငါ့ကို မကယ်နိုင်ပါဘူး "
ပြောပီး သူ့ဘေးက ဖြတ်သွားတဲ့ Kai ကြောင့်ရပ်နေမိသည်။ ဒါပေမယ့် Kai နောက်ထပ် ခြေလှမ်းတလှမ်း မလှမ်းနိုင်ခင်မှာပဲ ဆွဲလှည့်ပီး Kai ကျောကို နံရံနဲ့ဆောင့်လိုက်ကာ နှုတ်ခမ်းနှစ်ခုကို ဖိကပ်ပစ်လိုက်သည်။
နှုတ်ခမ်းနှစ်ခု ထိသွားတာနဲ့ သူ့အာရုံထဲ ဘာမှမရှိတော့ပဲ နူးနူးအိအိ အထိအတွေ့ကသာ စိုးမိုးနေသည်။ သူ့ပါးနှစ်ဖက်ကို ဆုပ်ကိုင်လာတဲ့ Kai လက်ဖ၀ါး နှစ်ဖက်နဲ့အတူ သူ့လက်တွေကလဲ Kai ခါးကို အလိုလိုရစ်ပတ်သွားသည်။ တဖြည်းဖြည်း ပူပြင်းလာတဲ့ အထိအတွေ့တွေ ကြားမှာ Kai လျှာဖျားလေးက သူ့အောက်နှုတ်ခမ်းနဲ့ ထိသွားတော့ ထခုန်မတတ်ဖြစ်သွားသည်။
ဖွင့်ပေးလိုက်တဲ့ သူ့ခံတွင်းထဲမှာ လျှာနှစ်ခုက ဘယ်သူအနိုင်ရမလဲ တိုက်ခိုက်နေကျသည်။ ထိုအချိန် Kai က သူ့နောက်နားက ဆံပင်ကို ဆွဲလိုက်တော့ အလိုလိုအရှုံးပေးမိသွားသည်။ ဘယ်သိခဲ့ပါ့မလဲ.. နာကျင်မှုက ကြီးမားတဲ့ သာယာမှု ဖြစ်နိုင်တယ်ဆိုတာ..
အချိန်ကြာလာတာနဲ့ တယောက်နဲ့တယောက် ဖက်တွယ်ထားမှုက ပိုတင်းကျပ်လာသလို အနမ်းတွေက ပိုပြင်းထန်လာသည်။
Kai ပုခုံးကို တွန်းလိုက်ပီး ပြတ်သွားတဲ့ oxygen တွေကို ရှုသွင်းဖို့ အတွက် နှုတ်ခမ်းတွေကို ခွာလိုက်ရသည်။ သူတို့က oxygen ပြတ်လို့ မသေနိုင်ပေမယ့် အတိုင်းအတာ တခုတော့ ရှိတယ်လေ ။
" ငါ့ကို "
သူပြောမယ့် စကားတွေက မောဟိုက်မှုနဲ့အတူ ပြတ်တောက်နေသည်။
" စိန်မခေါ်နဲ့ "
သူ့မျက်လုံးထဲကို စိုက်ကြည့်နေတဲ့ Kai မျက်လုံးထဲမှာ စိန်ခေါ်မှု အရိပ်အယောင် ဖြတ်ပြေးသွားပြန်သည်။
" ဒီလောက်လေးနဲ့ မောနေပီလား Kyungsoo "
ပါးကို လက်ချောင်းလေးတွေနဲ့ တို့ပီး ဆော့ကစားနေတဲ့ Kai ကိုမယုံနိုင်စွာကြည့်လိုက်သည်။ သူ့ကိုများ အထင်သေးလို့.. ဒါပေမယ့် Kai က တမင်စိန်ခေါ်နေမှန်း သိတော့ ပြန်စချင်စိတ်ပေါက်လာသည်။ ဒါပေမယ့် ဘာမှမပြောပဲ ထွက်သွားဟန်ပြင်လိုက်သည်။