အစည်းဝေးခန်းအပြင်မှာ ရပ်နေရင်း ၀င်ရမလား မ၀င်ရမလား ဆုံးဖြတ်နေမိသည်။ အစီရင်ခံစာ တင်တာကိုပဲ ဒီ Olympus ထိလာစရာလား? Email တွေ internet တွေရှိနေတာ ဘာလုပ်ဖို့လဲ?? Click တချက်နှိပ်လိုက်တာနဲ့ ပီးနေပီကို ကိုယ်တိုင်လာခိုင်းတယ်။ ဒါသက်သက်မဲ့ ယုတ်မာတာ ..
" မြေကြွက် "
ဒီအသံ ကြားဖူးပါတယ် ..
"ရေမြင်း"
" ၀င်မှာလား မ၀င်ဘူးလား "
နောက်လှည့်ကြည့်လိုက်တော့ ပိုဆိုဒ်ဒွန် က လက်ပိုက်ကြည့်နေသည်။ အစည်းအဝေးလာတာ ဘောင်းဘီတိုအဖြူနဲ့ beach အကျီအပြာနဲ့ ... ကမ်းခြေက အကျီမလဲပဲ ရောက်လာလား?
Olympus ကြီးက ဘာဖြစ်နေတာလဲ ကျပ်မပြည့်တဲ့သူတွေပဲ နေနေတာလား
" မင်းအရင်ဝင် "
တံခါးရှေ့က ဖယ်ပေးလိုက်ပေမယ့် ပိုဆိုဒ်ဒွန် ကနေရာ မရွေ့သေး။
" ဟေးဒီးစ် မင်းဘာကြီးဝတ်လာတာလဲ "
ပိုဆိုဒ်ဒွန် စကားကြောင့် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။ leather jacket နဲ့ leather pant ၀တ်ထားတာ ဘာမှားနေလို့လဲ?
" ငါဝတ်တာ ဘာဖြစ်လို့လဲ?"
ပိုဆိုဒ်ဒွန် က သူ့ကို နှာခေါင်းရှုံပီးကြည့်သည် ။
" ဒါ biker club မဟုတ်ဘူး Olympus အစည်းအဝေး"
" ငါဝတ်လာတာ ဘယ်နေရာ ဘယ်အချိန် ဘယ်အခြေအနေရောက်ရောက် သင့်တော်မှုရှိတယ်။ မင်းလို မလုံမခြုံတွေဝတ်လာတာ မဟုတ်ဘူး "
ဘေးကမြင်ရငိ သူတို့ကို မရင့်ကျက်တဲ့သူတွေလို့ မြင်ကုန်တော့မှာပဲ ။ ဒီရေမြင်းလုပ်တာနဲ့..
" ၀င်မှာမလား ၀င်စရာရှိမြန်မြန်ဝင် "
စိတ်မရှည်တော့လို့ အော်ပေမယ့် ပိုဆိုဒ်ဒွန် ကခုထိ မလှုပ် ...
" မ၀င်ဘူး မင်းအရင်ဝင် "
" ဘာဖြစ်လို့လဲ "
" ဟိုတခါ ငါဝင်တုန်းက နဂါးနဲ့ပစ်ပေါက်ခံထားရတယ် "
"ဘယ်သူ့ကို ဘာသွားလုပ်တာလဲ? "
" ဒမီတာ ကိုရည်းစားစကားပဲ ပြောမိတာကို "
ကြိုက်စရာရှားလို့ ဒမီတာ လိုမိန်းမမျိုးကိုမှ