4

1.4K 183 41
                                    

" ငါ့ကို နေရာဖယ်ပေးသင့်တယ် မထင်ဘူးလား? "

မခန့်လေးစားစိုက်ကြည့်နေတဲ့ Kai ကို ခပ်တည်တည်ပဲ ပြန်ဖြေပေးလိုက်သည်။

" မထင်ဘူး "

သူ့ပိုက်နက် သူ့နန်းတော်.. အရေးမပါတဲ့လူကို သူ့throne ပေါ်ထိုင်ခိုင်းစရာလား။

" Kyungsoo "

ဒေါသသံပါနေတဲ့ Kai အသံကြားတော့ စိတ်ထဲက ကျေကျေနပ်နပ်ပြုံးမိသည်။ သူ့ကြောင့် ဒေါသထွက်မှန်းသိရတာ ဘယ်လောက်အရသာရှိလိုက်လဲ။

Zeus ကခြိမ်းခြောက်တဲ့ ခြေလှမ်းတွေ လှမ်းလာတော့ အခန်းထဲ နေရာထောင့်ပေါင်းစုံက နတ်ဆိုးတွေ ထွက်လာပီး ရန်မူလာသည်။ အကဲခတ်သလို ကြည့်ပီး Kai ခြေလှမ်းတွေရပ်သွားသည်။

"ဒါငါ့ပိုင်နက် ပြောစရာရှိရင် အောက်ကနေပြော.. ငါ့အုပ်ချုပ်နေတဲ့နေရာမှာ ငါ့ကိုလာခြိမ်းခြောက်ဖို့ မစဉ်းစားနဲ့"

သူက ဟာသပြဇာတ်ကပြနေသလို မကြောက်တဲ့ Kai ကိုကြည့်ရင်း ဒေါသတွေ ထွက်လာသည်။

" Kyungsoo.. မင်း minions လေးတွေက ငါတချက်တိုက်ရုံပဲဆိုတာ မင်းရောငါရောသိတယ် .. ထားပါလေ လိုရင်းပဲပြောရအောင်.. နောက်တပတ် အစည်းအဝေးရှိတယ် အ့အချိန်ထိ အခု အကျဉ်းထောင်ကိစ္စ ဘယ်လိုဖြစ်လဲဆိုတာ စုံစမ်းထား .. အစည်းအဝေးမှာ အဖြေသိချင်တယ်"

ပြောပီး ဖြတ်ခနဲပျောက်သွားတဲ့ Kai ရပ်နေခဲ့တဲ့ နေရာလွတ်ကိုသာ စိုက်ကြည့်နေမိသည်။

" သူ ချစ်ဖို့မကောင်းဘူးလား"

Cerberus စကားကြောင့် ရူးနေလား ဆိုတဲ့အကြည့်နဲ့ကြည့်မိသည်။ လက်ရမ်းပေါ် မေးထောက်လိုက်ရင်း ဖြေရမယ့်နည်းကို စဉ်းစားနေမိသည်။

"Aww Hades လေး စိတ်ကောက်နေတာလား"

စိတ်လွတ်နေတဲ့ စောက်ရူးကို မကြားချင်ယောင် ဆောင်နေလိုက်သည်။ ခဏကြာတဲ့ထိ ဘာသံမှမကြားရ။ ဒါပေမယ့် ပုလ္လင်ဘေးနားက ပစ္စည်းတိုက်သံတွေကြောင့် Cerberus ရှိနေသေးတာ သိသည်။

" သူက ဘာလို့ Kyungsoo လို့ခေါ်တာလဲ? "

ဒီတခါတော့ စွတ်ရမ်းစပ်စုလွန်းတဲ့ Cerberus ကို လက်တချက်ဝေ့လိုက်သည်။ သူ crown room ထဲက ထွက်လာတော့ နောက်ကနေ ခေါင်းသုံးလုံးနဲ့ ခွေးပေါက်လေးက ခုန်ခုန်ပီးလိုက်လာသည်။

Redemption [Completed]Where stories live. Discover now