ဆိုဖာပေါ်မှာ အိပ်ပျော်သွားတဲ့ Kai ကိုကြည့်ပီး ရင်ထဲလှိုက်ခနဲဖြစ်လာသည်။ ဆိုဖာရှေ့က ကြမ်းပြင်မှာ ငုတ်တုပ်ထိုင် မေးထောက်ရင်း ဒီနေ့ဖြစ်သမျှကို ပြန်စဉ်းစားနေမိသည်။
အ့တာ အားလုံး အပိုလိုကြောင့်...
ထိုင်နေရာကနေ ရေသောက်မလို့ထရပ်လိုက်ပေမယ့် ထမင်းစားခန်းထဲ လှမ်းနေတဲ့ သူ့ခြေလှမ်းတွေ ဖုန်းသံနဲ့အတူ ရပ်တန့်သွားသည်။
" သေရေးရှင်ရေး မဟုတ်ရင် ဖုန်းမဆက်နဲ့ "
ဘယ်သူဆက်တာပဲ ဖြစ်ဖြစ် အခုလောက်ဆို ဖုန်းမှားဆက်မှန်းသိသွားကြမှာပဲ။
"ဟေးဒီးစ် အမြန်လာခဲ့ဦး Tartarus မှာ ပြဿနာတတ်နေပီ"
လူစီဖာ အသံကြားတော့ ချက်ချင်းဦးနှောက်က အတွေးပေါင်းစုံတွေးမိသွားသည်။ ဘာလို့ လူစီဖာက ဖုန်းဆက်တာလဲ? ဆားဘရက်စ် တခုခုဖြစ်လို့များလား? Tartarus ကဘာဖြစ်တာလဲ?
ပြန်မဖြေပဲ ချက်ချင်းဖုန်းချပီး underworld ကို ထွက်လာခဲ့လိုက်သည်။ ဆားဘရက်စ်နဲ့ သာနိုတို့စ်ကို စိုးရိမ်နေတဲ့ အတွေးတွေသာ ကြီးစိုးနေသည်။
သူရောက်သွားတော့ ဟောင်းလောင်းပေါက်နေတဲ့ သံမဏိ တံခါးနဲ့ ဘေးကအပျက်အစီးတွေ တွဲလွဲခိုနေတဲ့ မြင်ကွင်းက ဆီးကြိုနေသည်။ ပျက်စီးနေတဲ့ Tartarus ဂိတ်တံခါးကိုကြည့်ပီး အံ့ဩမှုကြောင့် ပါးစပ်ပွင့်ဟသွားသည်။ မဖြစ်နိုင်တာ .. Tartarus ကို ဘယ်သူဖျက်ဆီးသွားတာလဲ?
" ဟေးဒီးစ်! "
သူ့ဆီလျှောက်လာတဲ့ လူစီဖာနဲ့ ဆားဘရက်စ်ကို မြင်တော့ သက်ပြင်းချမိသည်။ တော်သေးတာပေါ့ ။
" ဒါဘယ်လိုဖြစ်တာလဲ "
" ခရိုနပ်စ် လွတ်သွားပီ "
သူ့ကို အလန့်တကြားကြည့်နေတဲ့ ဆားဘရက်စ် စကားကြောင့် ကြောင်ကြည့်နေမိသည်။ ကြားလိုက်ရတဲ့ တခွန်းထဲသော စကားနဲ့အတူ Kyungsoo ဖိနှိပ်ထားခဲ့တဲ့ မှတ်ဥာဏ်တွေ အကြောက်တရားတွေက တဖြည်းဖြည်း အုံကြွလာသည်။
မဟုတ်ဘူး မဟုတ်ဘူး.. ကြောက်နေလို့မဖြစ်မှန်း ဟေးဒီးစ် သိသည်။ အရင်တုန်းကလို ဘာမှန်းမသိပဲ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိတဲ့ ကလေး မဟုတ်တော့ဘူး။ အခုက underworld ကိုအုပ်ချုပ်နေတဲ့ အကုန်ကြောက်ရွံ့ရတဲ့ ဟေးဒီးစ် ဖြစ်နေပီ။