Darkness prince-Final

2.4K 141 17
                                    

"ကိုယ့်​ကိုလက်​ထပ်​နိုင်​မလားkyungsoo....."

Jonginကတည်​ငြိမ်​​သောအသံနဲ့စူးရှစွာကျွန်​​တော့်​အားကြည့်​ရင်း​ပြောသည်​။

အခုချိန်​မှာကျွန်​​တော့်​နှလုံးခုန်​သံသည်​ပုံမှန်​ထက်​အဆတစ်​​ထောင်​နီးပြီးခုန်​​နေ​သော​ကြောင့်​ရင်​ဘတ်​ကိုအသာဖိလိုက်​ရင်း.........

"အင်း....ငါ...ငါလက်​ခံတယ်​jongin...."

"ချစ်​တယ်​kyungsoo..."

လို့​ပြောရင်းကျွန်​​တော့်​ကိုချီလိုက်​တာ​ကြောင့်​ကျွန်​​တော်​​ကြောက်​​ကြောက်​ဖြင့်​jonginပုခုံးကိုင်​လိုက်​သည်​။

"ဘယ်​သွားမလို့လဲ...."

"အိပ်​မလို့​လေ!!မနက်​ဖြန်​လက်​ထပ်​ပွဲရှိ​တော့ဒီ​နေ့​စော​စောအိပ်​ရမယ်​​လေkyungsoo!!"

"ဪ....အင်း...."

အခန်းထဲ​ရောက်​​တော့jonginကကျွန်​​တော့်​ကိုအိပ်​ယာ​ပေါ်တွင်​ချပြီး​ဘေးတွင်​လှဲအိပ်​သည်​။

ကျွန်​​တော်​လဲjonginအိပ်​​နေပြီအထင်​နဲ့jonginမျက်​နှာကို​သေချာကြည့်​​နေတုန်းjonginကမျက်​လုံးပြန်​ပွင့်​လာတာ​ကြောင့်​.....

"မအိပ်​​သေးဘူးလား?"

"ဟင့်​အင်း....ဒါမဲ့ကိုယ်​အခုအိပ်​မှာ!Kyungsooလဲအိပ်​​တော့ကိုယ့်ကိုကြည့်​မ​နေနဲ့​.."

Jonginကကျွန်​​တော့်​ကိုရင်​ခွင်​ထဲဆွဲဖက်​လိုက်​တာ​ကြောင့်​ကျွန်​​တော်​လဲပြန်​ဖက်​ရင်းအိပ်​စက်​လိုက်​သည်​။

At morning,

"Jongin...."

နိုးနိုးခြင်း​ကျွန်​​တော့်​​ဘေးမှာjonginကိုမ​တွေ့သဖြင့်​လှမ်း​ခေါ်​နေမိသည်​။

"Jongin!!"

"Kyungsooနိုးပြီလား?"

ဝရံတာက​နေပြန်​ဝင်​လာသည့်​jonginကိုကျွန်​​တော်​​တွေ့တာနဲ့​ပြေးဖက်​လိုက်​သည်​။

"မင်းမရှိ​တော့ငါ​ကြောက်​​နေတာ..."

"ဘာကို​ကြောက်​​နေတာလဲ!Kyungsoo!!ကိုယ်​ရှိ​နေသ​ရွေ့မင်းကိုဘယ်​သူမှထိခိုက်​​အောင်​မလုပ်​နိုင်​ဘူး...."

Darkness prince(Kaisoo yaoi)Where stories live. Discover now