Kim Jongin

6K 299 11
                                    

"သခင်လေး...မနက်စာသုံးဆောင်လို့ရပါပြီ"

သခင်လေးဆိုသူကလာခေါ်သောသူအားတစ်ချက်မျှသာကြည့်လိုက်ရင်းခေါင်းညိမ့်ပြလိုက်သည်။

အင်း....သခင်လေး Kim Jong Inဆိုတာ စကားများများပြောတတ်တဲ့သူမှမဟုတ်တာ..
သူများထက်ပိုပြီးစူးရှနေတဲ့မျက်ဝန်းတစ်စုံ
တင်းတင်းစေ့ထားတတ်သောနှုတ်ခမ်းထူထူတစ်စုံ
ပြန့်ကားသောရင်အုပ်ကျယ်..
ကြည့်ကောင်းသော အရပ်အမောင်း
အနည်းငယ်ညိုသော အသားအရေ..
တို့နဲ့သခင်လေးက မိန်းကလေးတိုင်းရဲ့ရင်ထဲက
သခင်တစ်ပါးပဲမလား.ငယ်ငယ်ရွယ်ရွယ်နဲ့
အောင်မြင်လာသောစီးပွားရေးသမားမို့ သမီးရှင်များက မျက်စိကျကြသော်လည်း ထိုသခင်လေးကတော့
အချစ်သည် မိမိနှင့်လားလားမျှမသက်ဆိုင်ဟု
မှတ်ယူထားသယောင်..

"မင်္ဂလာနံနက်ခင်းပါ အဘိုး"

"အင်း မြေးလေး ထိုင်ကွယ်"

အဘိုးအား နှုတ်ဆက်ပြီးနောက် ထမင်းစားပွဲတွင်သူဝင်ထိုင်လိုက်သည်.ပုံမှန်စားနေကျ မနက်စာကိုသာသုံးဆောင်ရင်း စကားတစ်ခွန်းမှ မပြောတော့သော မြေးဖြစ်သူအား ကြည့်ရင်း Wu Yifan သက်ပြင်းချလိုက်လေသည်.

"မြေး"

"ဟုတ် အဘိုး ပြောပါ"

"လွန်ခဲ့တဲ့နှစ်လလောက်တုန်းက အဘိုးဆေးရုံတတ်ရတာ မြေးမှတ်မိတယ်မလား"

"ဟုတ် အဘိုး မှတ်မိပါတယ် ဘာဖြစ်လို့လဲ"

"တကယ်ဆို အဘိုးအဲ့အချိန်တုန်းက ဆေးရုံကို ကိုယ့်ဘာသာ ရောက်လာတာ မဟုတ်ဘူး မြေးရဲ့
အဘိုး မင်းအဘွားကိုသတိရလို့ သူတို့ရွာဘက်ကိုသွားကြည့်ရင်း လမ်းမာ ကားမှောက်တာ ကလေးလေးတစ်ယောက် လာကယ်လို့ အဘိုးဆေးရုံရောက်ရတာ မြေးရဲ့ မဟုတ်ရင် အဘိုး သေနေလောက်ပြီ driver ကလည်း ပွဲချင်းပြီးလေ မြေးရယ် "

"သြော် ဟုတ် အဘိုး အခုအဲ့ကလေးက.?"

"အင်း အဲ့ကလေးက အဘိုးကိုဆေးရုံပို့ပြီးပြီးချင်း ပြန်သွားတာတဲ့ကွယ် အဘိုးလည်း မရမကစုံစမ်းမှ သိရတာ ကလေးက မင်းတို့အဘွား ရွာကပဲကွယ် Seoulမှာကျောင်းလာတတ်နေတာတဲ့ အထက်တန်းနောက်ဆုံးနှစ်တဲ့ သူ့အဖေဆီကို အလည်လာရင်း အဘိုးနဲ့တွေ့တာပဲကွယ်"

You Could Change My Everything(Season-1 Completed) (Uni+Zaw)Where stories live. Discover now