"Kyungsoo ဒီလက်စွပ်လေးဆိုရင်ရော'
"ဟုတ် ကျွန်တော်ကရတယ်'
လက်စွပ်လေးကရိုးရိုးရှင်းရှင်းလေးနှင့် အလယ်တွင်စိန်တစ်လုံးထဲသာပါသည်..
Kyungsoo ကလည်းရိုးရိုးရှင်းရှင်းကိုသာကြိုက်သူဖြစ်ပြီး ဈေးလည်းသက်သာမည်ထင်သောကြောင့် ခေါင်းငြိမ့်လိုက်ခြင်းဖြစ်သည်.
"ဟုတ် အမ အာ့ဆို ဒါလေးပဲယူတော့မယ် '
ဝန်ထမ်းအမ က ဈေးနှုန်းကိုတွက်ချက်ပြီး voucher စာရွက်ကို ပြတော့ Kim Jonginက ပုံမှန်အတိုင်းပေမယ့် kyungsoo ကတော့ မျက်လုံးပြူးသွားရသည်..
"ဟာ hyung ဈေးကြီးလိုက်တာ '
Jonginက သူ့ဘေးနားမှာရပ်ပြီး မျက်လုံးပြူးပြူးလေးနဲ့ တအံ့တသြ ပြောနေသော ကောင်လေးကို အသဲယားစွာ ငုံ့ကြည့်လိုက်ပြီး ဖောင်းအိနေသော ပါးလေးတစ်ဖက်ကို လိမ်ဆွဲလိုက်သည်..
kyungsoo မှာ အဆွဲခံရ၍နီသွားသောပါးလေးကို ပွတ်လိုက်ပြီး ထိုလူကြီးကို စူပုပ်ပုပ်နဲ့ကြည့်လိုက်သည်.
" hyung စကားပြောနေတာကိုဗျာ'
Jonginမှာအသဲယားလွန်း၍ ဆိုင်ထဲတွင်ရှိသည်ဆိုတာကိုတောင်ဂရုမစိုက်နိုင်တော့ပဲ တဟားဟားအော်ရယ်မိတော့သည်.
ဆိုင်မှဝန်ထမ်းလေးများကတော့ ဒါသူတို့ TVထဲမှာမြင်နေကျ Kim Jonginမှ ဟုတ်ရဲ့လားဟု တအံ့တသြကြည့်နေကြသည်..
"ဟာ hyung မကောင်းဘူးဗျာ'
ပြောပြီးတာနှင့် ဆိုင်ထဲမှပြေးထွက်သွားသော ကလေးလေးကိုကြည့်ရင်း Jongin အခုထိ အရယ်မရပ်နိုင်..
ကလေးလေးစိတ်ကောက်သွားပြီ _______
............................အပြန်လမ်းတွင် စကားတစ်လုံးမှမပြောတော့ပဲ အပြင်ကိုသာကြည့်နေသော Kyungsooလေး.
ဘာမှလာမပြောနဲ့!
Kyungsoo အဲ့လူကြီးကို စိတ်ကောက်နေပါတယ်>_<"ကလေး'
".....''
"Kyungsoo လေး''
"......''
"ကလေးကလည်း hyungက ကလေးလုပ်နေတဲ့ပုံလေးက အရမ်းအူယားစရာကောင်းလို့ ရယ်မိတာပါကွာ''
STAI LEGGENDO
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanfictionအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt