"မြေးလေး kyungsooလေးကိုကျောင်းလိုက်ပို့ပေးလိုက်နော်"
Jonginမနက်စာစားရန်အောက်သို့ဆင်းလာသည်တွေ့သောအဘိုးကလှမ်းပြောလိုက်ခြင်းဖြစ်သည်.Jonginကောင်လေးကိုကြည့်လိုက်တော့
သူ့ကိုလည်းပြန်ကြောင်ကြည့်နေသည်ကိုတွေ့ရသည်."အာ... ရပါတယ် အဘိုး ကျွန်တော့်ဘာသာ ကျွန်တော်သွားလိုက်ပါဦးမယ်...'
"မရပါဘူး..မြေးလေးရယ်
Jongin လိုက်ပို့ပေးလိုက်နော်""ဟုတ်ကဲ့ အဘိုး"
ကောင်လေးကိုပြန်ကြည့်လိုက်တော့ခေါင်းကြီးငုံ့ပြီးမနက်စာ ဆက်စားနေသည်.ရော်..ဒီကလေးလေး ဘာတွေရှက်နေပါလိမ့်..
ကားတံခါးကိုဖွင့်ပေးလိုက်တော့ကောင်လေးကပြန်ကြောင်ကြည့်နေသည်.ဒီကလေးကတော့ တစ်မနက်လုံးသူ့ကိုပြူးကြည့်ဖို့ဆုံးဖြတ်ထားသလား မသိပေ.ဒါပေမဲ့ ထိုကလေးမျက်လုံးလေးတွေအမှန်ပင်လှသည်ကိုတော့သူဝန်ခံပါသည်..
လမ်းတစ်လျှောက်လုံးလည်းစကားမပြော.ဘေးဘက်ကိုသာကြည့်ရင်းလိုက်လာရှာသည်..ကျောင်းရှေံရောက်လို့ ကားရပ်လိုက်တော့ ကျေးဇူးတင်ပါတယ်.အလုပ်ကိုကောင်းကောင်းသွားပါ လို့ပြောပြီးတစ်ချိုးထဲဆင်းပြေးသွားလေရဲ့..
ပြေးထွက်သွားတဲ့ကောင်လေးနောက်ကျောပြင်ကိုကြည့်ရင်း Jongin သဘောတကျပြုံးလိုက်သည်ကိုသူကိုယ်တိုင်တောင် သတိမထားမိခဲ့ပါချေ....
..................................
"ဟေ့ကောင် ..kyungsoo"ပြဲထွက်လာသောအသံကိုကြည့်ရတာ နှစ်ယောက်မရှိသော Byun Baekhyun ပါပင်..အနောက်မှာတော့luhanနဲ့junmyeonက ဘာတွေသတ်နေကြသည်မသိ luhanက junmyeonဆံပင်ကိုဆွဲလျက် junmyeonကလည်း luhanခြေထောက်ကိုပိတ်ကန်လိုက်သည်ကိုလည်းတွေ့လိုက်ရသည်..
"အင်း baek..နေပါဦး အနောက်ကနှစ်ယောက်ကဘာဖြစ်နေကြတာလဲ?"
"အမလေး ပစ်ထားလိုက်စမ်းပါကွာ..နှစ်ယောက်သားမုန့်ဝယ်ပြီး မုန့်ထဲကအရုပ်ပါတာ သူယူမယ် ငါယူမယ်နဲ့ရန်ဖြစ်နေကြတာ"
"ဟားဟား ကလေးမဟုတ် ကုလားမဟုတ်ကွာ"
Kyungsooသဘောတကျပင်ရယ်လိုက်မိသည်.
Kyungsooရယ်သံကိုကြားလိုက်သောluhanနဲ့junmyeonက မျက်ထောင့်နီကြီးများနှင့်ကြည့်လာကြသည်.
YOU ARE READING
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanfictionအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt