Baekhyun တစ်ယောက် gameဆိုင်သွား မလို့ဆိုပြီး အိမ်က ကားကိုပြန်လွှတ်ကာ တစ်ယောက်ထဲ ခြေလျင်လျှောက်လာသည်.
"အား luhan ရော junmyeonရော တစ်ယောက်မှ လိုက်မကူဆော့ပေးကြဘူး တစ်ယောက်ထဲပျင်းပါတယ်ဆို kyungsooကလည်း ခေါ်လို့ရမယ်မထင်ဘူး ဟူး"
ညနေခင်း Gameဆိုင်သွားသော လမ်းကလေးပေါ်မှာ ပွစိပွစိဖြင့် တစ်လိမ့်လိမ့် လျှောက်နေသော Baekhyunပုံစံလေးမှာ ကလေးလေးတစ်ယောက်
မုန့်အလုခံရသဖြင့် မကျေနပ်နေပုံလေးနှင့်တူသည်.လမ်းလျှောက်ရင်းဖြင့် မနက်က လူကြီး အကြောင်းကိုပြန်တွေးမိတော့ နှုတ်ခမ်းတို့က စူထွက်လာကာ ဆံပင်အုပ်အုပ်ကလေးကို ဘယ်ညာရမ်းပစ်လိုက်သည်.
"သွား. အဲ့လူကြီးလည်း ဘာမှန်းကိုမသိဘူး ဝင်တိုက်တုန်းက တိုက်ပြီး လူကိုလာကြောင်ကြည့်နေတာ
ရူးနေတာလား မသိဘူး အာ့ ကားကိုဘလိုမောင်းနေတာလဲ ဒီလူတွေ!!!'Baekhyunနောက်မှ ကားက အရှိန်ပြင်းပြင်းဖြင့် ပွတ်ဆွဲသွားရာ လူက ယို်င်ပြီး လဲသွားလေသည်.
"အာ့ လူတွေ အား ခြေထောက်နာ လိုက်တာ ကျိုးပြီလားမသိဘူး'
ကားက အရှေ့ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်.
ထို့နောက် လူတစ်ယောက်ဆင်းလာကာ baekhyunရှိရာသို့လျှောက်လာသည်."ကောင်လေး ရရဲ့လား ငါလည်း အမြန်မောင်းချင်ဇောနဲ့ သတိမထားလိုက်မိဘူး'
"မထားလို့ ရမလားဗျ မတော်တဆ ကျိုးသွားရင်ဘလိုလုပ်မလဲဗျ ခင်ဗျားတို့တွေ!!!!!! ဟင် ခင်ဗျား မနက်က"
Baekhyun မျက်လုံးလေးတို့ ပြူးကျယ်သွားကာ လက်ညိုးတထိုးထိုးဖြင့်.
ထိုလူကလည်း အခုမှ သေချာကြည့်မိဟန်ဖြင့်"အာ..မင်း မင်း Baek Baek"
"ခင်များဗျာ ခင်ဗျားနဲ့တွေ့လိုက်ရင် အကျိုးကိုမပေးဘူး မနက်ကလည်း တိုက်မိရတာနဲ့ အခုလည်း ကြည့်ဦး!!'
Chanyeolလည်းBaekhyunဘေးတွင် ဒူးထောင်ထိုင်ချလိုက်ပြီး
"တောင်းပန်ပါတယ် ကောင်လေးရယ် ကိုယ်တကယ်သတိမထားမိလိုက်လို့ပါ ပြပါဦး ခြေထောက်က ဘာဖြစ်သွားသေးလည်း?"
ESTÁS LEYENDO
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanficအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt