"ဟေး Bora အခြေအနေဘလိုလဲ? ငါကြားတာတော့ Kim Jonginက စေ့စပ်တော့မှာဆို ငါ့သူငယ်ချင်းလေးရှုံးပြီးထင်ပ!''
"တော်စမ်းပါဟာ ငါရအောင်ပြန်ယူမှာ Kim Jonginက ငါ့အပိုင်ပဲဖြစ်ရမှာ! !''
"အေးပါ အေးပါ 3လပြည့်ဖို့လည်းသိပ်မလိုတော့ဘူးနော် ဟေး ငါတို့ ကားအသစ်လေးစီးရတော့မှာထင်တယ်''
"ကျစ်!တော်ပြီ ငါသွားပြီဟာ''
သူငယ်ချင်းတွေနဲ့စုံတုန်း စိတ်ပြေလက်ပျောက်လေးစကားပြောမလို့ ကြံမိပါတယ်..
ပိုတောင်စိတ်ညစ်သွားသေးတယ်.
ညနေကျ သူဌေးစေ့စပ်ပွဲကို သွားရဦးမှာ..
ဘလိုစိတ်မျိုးနဲ့ဂုဏ်ပြုပေးရမှာလဲ
ဟူး သူဌေးရယ် ကျွန်မ Chanyeolပြောခဲ့သလို ဝဋ်လည်ပြီထင်ပါရဲ့
စိတ်ညစ်ညစ်နဲ့ ညနေပွဲကျဝတ်ဖို့ အိကျီဆိုင်ကိုသာသွားလိုက်သည်..
...........................
"Jonginရေ မြေးလေး ပြီးပြီလား?ဒီမှာအမောင် Song Yisunတို့ရောက်နေပြီ''
"ခနလေးပါ အဘိုးရေ ''
"ကဲ Yisunရေ မင်းမှာလည်း secretary အဖြစ်က အနားယူပြီးကတည်းက အစကိုပေါ်မလာတော့ဘူး အခုဘလိုလဲ အဆင်ပြေလား?''
"ပြေပါတယ် အဘိုး ကျွန်တော် နဲ့ အမျိုးသမီးနဲ့ ကျွန်တော့် တူမလေးတစ်ယောက်နဲ့ အတူနေနေပါတယ် ဟို Jongin သူ့secretaryအသစ်နဲ့ အဆင်ပြေရဲ့လား ကျွန်တော့်တူမကလည်းသူ့သူငယ်ချင်းမို့ထောက်ခံတာ ကျွန်တော်ကြည့်တော့ အရည်အချင်းလည်းမဆိုးတာနဲ့ ခန့်လိုက်တာ အဆင်ပြေရဲ့လားမသိဘူး''
"အေးဘာမှပြောသံတော့ မကြားရဘူးကွဲ့ အဆင်ပြေလို့နေမှာပါ အခုပွဲတောင် သူ့ကိုဖိတ်ထားသေးတယ်''
"ဟုတ်ကဲ့ပါဗျာ Jonginအဆင်ပြေရင် ကျွန်တော်ကစိတ်ချမ်းသာနေတာပါ''
"အဘိုး ''
"အော် အေး kyungsooလေးပြီးပြီလား လာလာ အဘိုးမိတ်ဆက်ပေးမယ် ဟိုကောင် Jonginက အခုထိ ဆင်းမလာသေးဘူး''
"သြော် kyungsooဆိုတာ သားလေးလား အေးကွယ် အဘိုးသဘောကျလည်း ကျချင်စရာပဲကို
ကျောင်းတတ်နေတုန်းလား သား''
![](https://img.wattpad.com/cover/166252421-288-k988422.jpg)
YOU ARE READING
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanfictionအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt