ကားမောင်းနေရင်းမှ တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ အနွေးထည်လေးခြုံကာ ကွေးကွေးလေး အိပ်ပျော်နေသော ကလေးလေး..
ဒီနေ့ အဘိုးက Kyungsoo အဖေဆီသွားကာ အသိပေးပြီး ခွင့်ပြုချက်တောင်းခဲ့ရန် မှာလိုက်သဖြင့်Jonginတို့ kyungsoo အဖေတို့ရွာလေး တစ်နည်းအားဖြင့် Jongin အဘွားရဲ့ရွာလေးရှိရာ သို့ထွက်လာခဲ့ကြခြင်းပင်...
အဘွားကိုသတိရမိသည်.အဘွားသည် ငယ်ငယ်ကတည်းက မိဘဆုံးသွားသော Jonginအား အမေလို ရင်နှင့်မကွာစောင့်ရှောက်ခဲ့သည်..အဘိုးအပေါ်တွင်လည်း ချစ်ခင်လေးစားကာ အိမ်ထောင့်တာဝန် ကျေခဲ့သည်.
လွန်ခဲ့သော ၅နှစ်ခန့်က လူကြီးရောဂါဖြင့်ဆုံးပါးသွားသော အဘွားအား သတိရလျှင် အဘိုးက ဒီရွာလေးသို့ အလည်လာတတ်သည်. အဘွားက သူ့ရွာကိုသိပ်ချစ်တာဟု အဘိုးက ခနခနပြောရှာသည်..နောက်ဆုံးလာခဲ့သည့် တစ်ခေါက်တွင်တော့ accidentဖြစ်ပြီး kyungsooနဲ့ဆုံခဲ့ခြင်း....
"အင်း .....zzz'
အသံသေးသေးလေးကြားလို့ လှည့်ကြည့်လိုက်တော့ အိပ်နေရင်းမှ ယောင်နေသည်လားမသိ..ပါးစပ်လေး ဟစိဟစိဖြင့် အင်းအဲ လုပ်နေသည်.
ရယ်လိုက်လျှင် အသဲ ပုံ လေးဖြစ်သွားသော ကလေးနှုတ်ခမ်းလေးအား ကြည့်ရင်းJongin တံတွေးမြိုချမိသည်.
မလုပ်သင့်ဘူးမလား?လူကြီးလူကောင်း Kim Jonginက ကလေးတစ်ယောက် အိပ်နေတုန်း ခိုးနမ်းတယ်ဆိုတာ မဖြစ်သင့်ဘူးမလား... >.<
အင်း ဒါမဲ့ ခနလေးပဲလေ ထိရုံလေးပဲ ထိကြည့်မှာ..အိအိလေးမို့ ထိရုံလေးပဲ..
အတွေးတို့ဖြင့်လူက ရေငတ်လာသည်မို့ ကားကို ငြင်ငြင်သာသာ လမ်းဘေးချရပ်လိုက်သည်..
ဘေးနားမှာအိပ်နေသော Kyungsooကိုကြည့်လိုက်သည်.ထို့နောက် တဖြည်းဖြည်း ကပ်သွားကာ Kyungsoo၏ နှုတ်ခမ်းအိအိလေးအား ထိကပ်လိုက်သည်..
အစက ထိရုံလောက်ပဲ တွေးထားသော်လည်း တကယ်တမ်း ထိမိတော့ မနေနိုင်တော့ပဲ စုပ်နမ်းမိတော့သည်.
မိမိနှုတ်ခမ်းမှစိုစိစိုစိ အထိအတွေ့ကြောင့်Kyungsoo လန့်နိုးလာရသည်...

KAMU SEDANG MEMBACA
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fiksi Penggemarအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt