"မြေးလေးတို့ စေ့စပ်ပွဲကို ဘသူတွေဖိတ်ချင်ကြလဲ?"
အဘိုးမှ kyungsooတို့နှစ်ယောက်ကို မေးလိုက်ခြင်း....
အဖေတို့ရွာမှပြန်လာပြီးနောက်နေ့မနက်ထမင်းဝိုင်းတွင်အဘိုးက စကားစတော့သည်.
အဖေကသဘောတူပါတယ် လို့ပြောလိုက်တော့ ပြုံးပြုံးကြီးနဲ့ ငါသိပါတယ် သဘောတူမှာပါ ဆိုပြီး ကျေနပ်နေသည်..
"ဟို ကျွန်တော်ကတော့ ကျွန်တော့သူငယ်ချင်း၃ယောက်ဆိုရင်ရပါပြီ အဖေနဲ့ဒေါ်ကြီးတို့က မလာတော့ဘူးဆိုလို့လေ "
"အေးကွယ် လူကြီးဆိုတော့ ခရီးသွားရလာရတာ ခက်ခဲမှာပေါ့ စေ့စပ်ပွဲ ပဲဆိုတော့လည်း Jonginကရော မြေး.."
"ကျွန်တော်က Chanyeolတို့ ညီအကိုနှစ်ယောက်ရယ် ဦးလေးSongတို့ မိသားစုရယ်ပါပဲအဘိုး'
"အေးကွယ် အမောင်Songတို့ကလည်း မင်းsecretaryအဖြစ်က အနားယူသွားကတည်းက မတွေ့ရတော့တာ ဟုတ်တာပေါ့ သူတို့ကိုလည်းဖိတ်ရမှာ အ၊ဲ့ဆို လက်ရှိအတွင်းရေးမှူးပါဖိတ်လိုက်လေသား'
"ဟို ကျွန်တော်က အဆင်ပြေပေမယ့် Chan...
အင်း ရပါတယ် အဘိုး ကျွန်တော်ဖိတ်လိုက်မယ်'Jongin Chanyeolတို့အကြောင်းကိုပြောမလို့လုပ်ပြီးမှ မသင့်ဘူးထင်၍စကားစဖြတ်လိုက်သည်..
Boraကို အထင်သေးသွားမည်ကို မလိုလားတာကြောင့်လည်းပါသည်..
ဘယ်သူဘာပြောပြော Boraက အလုပ်ကြိုးစားသော သူတစ်ယောက်ဆိုတော့ Jonginမျက်နှာမပျက်ချင်တာလည်းပါမည်...
"Chanyeolတို့ မိဘတွေလည်းပါတယ်မလား သား?"
"ပါတာပေါ့ အဘိုး ကျွန်တော်မေ့နေတာ ပါးပါးနဲ့မားမားက မပါလို့မှမရတာ'
ငယ်စဉ်ကတည်းက မိဘမေတ္တာကင်းကွာခဲ့ရသောJonginကို Chanyeolအဖေနဲ့အမေက Chanyeolနဲ့စခင်သည့်အချိန်ကတည်းက မိဘမေတ္တာပေးခဲ့ကြသည်..
ထို့ကြောင့် Chanyeolခေါ်သလို ပါးပါးနဲ့မားမားဟုသာခေါ်ခဲ့သည်..
အများကြားမှာ လူကြီးဆန်လွန်းသော မာနကြီးလွန်းသောKim Jonginကို Chanyeolပါးပါးနဲ့မားမားထံတွင်တော့ ရှာတွေ့မည်မဟုတ်ပါ.
ESTÁS LEYENDO
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanficအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt