အိမ်ထဲသို့ ကားဝင်ပြီး သည်နှင့် အပြေးအလွှားဝင်ခဲ့ရသည်..
Driver ဦးလေးကြီးလက်ထဲသော့ထည့်ခဲ့ ပြီး ဂိုဒေါင်သို့ ကားသိမ်းခိုင်းလိုက်သည်.
အခု Jongin ခေါင်းထဲမှာရှိတာက ကလေး!
အသေအချာကို ကလေးစိတ်ဆိုးနေလောက်ပြီ!!
ခရီးသွားတုန်းကလည်း ဗြုန်းစားကြီးဆိုတော့ ကလေးမှာ သူU.S ရောက်မှ ခရီးသွားမှန်းသိရရှာသည်..
ဘာမှပြန်မပြောသော်ငြားလည်း စိတ်မကောင်းဖြစ်သွားမည်ကိုသိသည်..
ချက်ချင်းပြန်လာချင်သော်လည်း အလုပ်တွေးကတန်းစီနေသည်..
ရုံးခွဲဖွင့်ဖို့ကိစ္စတွေဆိုတော့ အလုပ်ကတောင်ပုံရာပုံ.
ပြန်ရောက်တော့လည်း ဒီက အလုပ်တွေက ပုံ!
မရတဲ့ အချိန်ကြားက ကလေး ကို messageလေး ပို့ထားပြီး ချော့ထားလိုက်သည်.
ကလေး ကျောင်းဆင်းချိန်ရောက်သည် အထိ အလုပ်က မပြီးသေးတော့ driver ဦးလေးကြီးကို သွားကြိုခိုင်စရတော့သည်..
အပြန်ကျလည်း တော်တော်မှောင်နေတော့ Bora ကမိန်းကလေးတစ်ယောက်ထဲ ပြန်ခိုင်းရမှာ အားနာတာကြောင့် သူ့ပါလိုက်ပို့ နေရတော့ ပိုကြာသွားသည်..
ကလေးရဲ့ အခန်းတံခါးလေးကို အသာဖွင့်လိုက်တော့ ကျောပေးပြီး အိပ်ပျော်နေသော ကလေးလေး
ကျစ်!ကလေးကကွာ စောင်လည်းခြုံမထားဘူး
ဖျားတော့မှာပဲ!
ကလေးအနားသို့ အသာလေးတိုးသွားပြီး ညအိပ်မီးအိမ် အရောင်လေးနဲ့ မျက်နှာလေးကိုကြည့်လိုက်တော့ မျက်ရည်စီးကြောင်းလေးက အထင်းသား...
ငိုထားပြန်ပြီ ထင်ပါရဲ့..
ကိုယ်တကယ်တောင်းပန်ပါတယ် ကလေးရယ်..
ပါးလေးကို မထိရက် မကိုင်ရက်နဲ့ အသာလေးကိုင်လိုက်တော့ ကြယ်လေးတွေလို တောက်ပသော မျက်လုံးလေးနှစ်လုံးကပွင့်လာသည်..
အဲ့မျက်လုံးလေးတွေထဲမှာ မျက်ရည်လေးတွေမရှိစေချင်တာတော့ Jongin ၏ ဆန္ဒ အမှန်ဖြစ်သည်.
VOCÊ ESTÁ LENDO
You Could Change My Everything(Season-1 Completed) (Uni+Zaw)
Fanficအရာအားလုံးကိုမင်းအတွက်အရှုံးပေးခဲ့ပေမယ့် ကိုယ်ရဲ့အရာအားလုံးကမင်းဖြစ်နေခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ် 😢 (Zawgyi+Unicode) Dika,Chanbaek,Hunhan,Xingho (Yaoi) Present for wt