Understanding

2.2K 219 2
                                    

Jongin နှင့်အဘိုး ခနတာ တိတ်ဆိတ်သွားပြီးနောက် အဘိုးက မေးခွန်းထုတ်သည်.
"မြေးလေး Kyung Soo မြေးလေး တကယ်ကိုသဘောမတူဘူးဆိုရင် အဘိုး အတင်းအကြပ် မလုပ်ပါဘူး ဒါပေမဲ့ မြေး ငြင်းရတဲ့ အကြောင်းအရင်းကိုတော့ အဘိုးသိချင်တယ်ကွယ်"

"ကျွန်တော် ကျွန်တော် အချစ်မပါပဲ အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်ဖို့ ယုံကြည်ချက်မရှိဘူး ပြီးတော့ ယောကျာ်းလေးအချင်းချင်း"

"အော် မြေးရယ် အဘိုးလည်းJonginအဘွားနဲ့ ချစ်လို့ ယူခဲ့ကြတာမဟုတ်ပါဘူးမြေးရဲ့ အဘိုးရဲ့အဖေနဲ့ သူရဲ့အမေနဲ့ ကသူငယ်ချင်းအရင်းတွေမို့ သဘောတူခဲ့ကြတာ အတူနေတာကြာသွားရင် သံယောဇဉ်တွေငြိတွယ်ပြီး နောက်ဆုံး အချစ်တစ်ခုပေါက်ဖွားလာနိုင်တယ်မြေး အဘိုးလည်း အခုထိ သူ့ကို ယူခဲ့ရလေခြင်းလို့ တစ်ခါမှနောင်တမရခဲ့ဖူးဘူး သူနဲ့တွေ့ဆုံပေးခဲ့တဲ့ မိဘတွေကိုပဲ ကျေးဇူးတင်တယ် ပြီးတော့ အခုခေတ်ကြီးမှာ ယောကျာ်းလေးအချင်းချင်းဆိုတာ မဆန်းတော့ပါဘူးမြေးရယ် တစ်ချိုမိန်းကလေးတွေထက်စာရင် မြေးက အများကြီးပိုဖြူစင်ပါတယ်ကွယ် အဘိုးပြောတာယုံပါ "

"ဟုတ် ဟုတ် အဘိုး ကျွန်တော် ထပ်စဉ်းစားပါဦးမယ်"

"အေးကွယ်မြေးတို့ နှစ်ယောက် သွားနားတော့လေ"

Kyungsoo အခန်းထဲရောက်မှ အိပ်မက်မက်နေလား တွေးနေမိသည်.သူက Kim Jonginနဲ့ မဟုတ်သေးဘူး Kim Jongin က သူနဲ့ အင်း လက်ထပ်ရမယ် ?

ဟာ မဖြစ်နိုင်ပါဘူး ဟုတ်တယ် အဘိုးက ဒီတိုင်းပြောတာနေမှာပါ..

ဒါမဲ့? ခုလေးတင် Kim Jonginကြီးက သဘောတူလိုက်တယ်မလား?😭😭😭
ဘာလို့သဘောတူတာလဲ?
သူ့အဘိုး စိတ်ချမ်းသာဖို့လား?

Kyungsooငိုချင်လာပါပြီနော်😞
.............................
အပေါ်ထပ်မှ Jonginမှာလည်း
ငါ ခုလေးတင် သဘောတူလိုက်တာမလား?

အာ ငါအခုKyungsooကိုလက်ထပ်ရတော့မှာလား?
ဟုတ်တယ်မလား?

တစ်ညလုံး အတွေးပေါင်းစုံဖြင့် နှစ်ယောက်လုံး အတူတူအိပ်မပျော်ခဲ့ကြသည်မှာ.........

.............................

"အဘိုး ကျွန်တော် ကျောင်းသွားတော့မယ်"

You Could Change My Everything(Season-1 Completed) (Uni+Zaw)Donde viven las historias. Descúbrelo ahora