Strings To Change

1.9K 168 39
                                    

"အာ Kyungsoo ဟိုလေ ကိုယ်''

ဖုန်းပြောပြီးတော့ kyungsoo ကိုစကားစလာတာမို့ kyungsoo စားနေရင်း မျက်လုံးလှန်ကြည့်လိုက်သည်..

"ဟုတ် ပြောလေ hyung''

"ကိုယ် ခနလောက်အပြင်သွားရမယ် kyungsoo စောင့်ပေးလို့ရလား? "

ဟမ်?

အခု Kim Jonginက kyungsoo ကို ဒီဆိုင်ထဲမှာ တစ်ယောက်ထဲ ထားခဲ့မှာတော့ မဟုတ်ဘူးမလား?

"ဟို ရပါတယ် သွားလေ hyung''

"အင်းအင်း ကိုယ်မြန်မြန်ပြန်လာခဲ့မယ်နော် billလည်းရှင်းခဲ့တယ်''

ပြောပြီး အလောတကြီးထွက်သွားသော လူကြီး..

ဘာတွေများ အရေးကြီးနေလို့ပါkyungsooကို တစ်ယောက်ထဲထားခဲ့ရတာလဲ?

ပြောတော့kyungsoo အတွက်ဆို အမြဲတမ်းအားတယ်တဲ့!

လူကြီးလိမ်တယ်...-.-

"ပြတ်မှာစိုးလို့ ကြိုးတွေကို လျော့ပေးနေတာ
လွန်လာရင် ကျွန်တော့်ဘက်ကလည်း ကြိုးတွေကို
ပြန်တင်းရလိမ့်မယ်''
.............

ဖုန်းထဲကBoraအသံက တော်တော်လေး ဝေဒနာ ခံစားနေရပုံပေါ်တာမို့ Jongin စိတ်ပူစွာပြေးလာမိသည်..

အိမ်ရှေ့ရောက်တော့ bell တီးလိုက်သည်..

" သူ သူဌေး ''

တံခါးဖွင့်ပေးပြီးပြီးချင်း သူ့လက်ပေါ်ပြိုကျလာသော bora..

တစ်ကိုယ်လုံးလည်းပူခြစ်နေကာ ကယောင်ကတမ်း တွေပြောနေသည်.

"Bora သတိထားလေ ဟာ ကျစ်!''

Jongin boraကို ပွေ့ပြီးတော့ ဆေးရုံသို့ ခေါ်သွားရန်ပြင်လိုက်သည်..

ကားနောက်ခန်းထဲ boraကို ထည့်ပေးပြီး ကားကို မြန်မြန်မောင်းလိုက်သည်..

ထိုခနမှာတော့ Kim Jongin... Do Kyungsooကို တကယ်မေ့လျော့နေခဲ့ပါသည်..

တန်ပါတယ် သူဌေး ရယ် တန်ပါတယ်
သူဌေးကိုယ်တိုင် အခုလို လာခေါ်တာနဲ့တင်
Bora မနေ့ညက အကြာကြီး မိုးရေစိမ်ခဲ့ရကျိုးနပ်ပါသည်.

"ကျွန်မရှင့်ကို အရမ်းချစ်တာပါ Kim Jonginရယ်
အမှားတွေများတဲ့ ကျွန်မဆီမှာ ရှင့်ကိုချစ်တာ
တစ်ခုထဲသော အမှန်တရားပါ''

You Could Change My Everything(Season-1 Completed) (Uni+Zaw)Onde histórias criam vida. Descubra agora