အပိုင်း ၁

14.9K 339 13
                                    

"ဟိတ်​​ကောင်​...ဒီ​နေ့ ငါတို့ကျူရှင်​ကို ​ကျောင်းသား
သစ်​လာတက်​တယ်​ဆို။ ဘယ်​မှာလဲ"

"မင်း မျက်​လုံးပါရင်​ ရှာ​လေ။ လာမ​မေးနဲ့။ ငါ သူများ
အ​ကြောင်းစိတ်​မဝင်​စားဘူး"

ကျွန်​​တော်​ ​ပြောလိုက်​​တော့ ​ဘေးကသ​ကောင့်
သားက သား​ပျောက်​အ​မေလို ကျူရှင်​အိမ်​တစ်​ခု
လုံးကို ပြူးပြဲပြီးလိုက်​ကြည့်​သည်​။

"မ​တွေ့ဘူးကွ။ ဘယ်​​ရောက်​​နေလဲ မသိဘူး။
ဒါနဲ့ အဲ့​ကောင်​က အ​ချေတစ်​လိုင်း​နော်​။ ​ကျောင်း
မှာ ​ဘေးကထိုင်​တဲ့လူ​တွေနဲ့​တောင်​ စကားမ​ပြော
ဘူးတဲ့။ ပြီး​တော့ သူက ​နေပြည်​​တော်​က ​ပြောင်း
လာတာလို့​ပြောတယ်​။ အဲ...ငါ​ပြောတာ​တော့ မဟုတ်​ဘူး။ မနက်​က ဘုရားခန်းမှာ ဆရာမက ပန်းချီ
တို့ကို ​ပြော​နေတာ ကြားတာ"

"အင်း"

"မင်း​ရော သူ့နာမည်​သိလား"

"ဘယ်​သိမှာလဲ။ သူများအ​ကြောင်း စိတ်​မဝင်​စား
ပါဘူးဆို"

"​အေး...​အေး။ မင်းက စာကိုပဲ သားမှတ်​မှတ်​ မယား
မှတ်​မှတ်​​ပေါင်းတဲ့​ကောင်​ဆို​တော့လည်း။ ငါနဲ့ပန်းချီ့
ကို​တောင်​ အားနာလို့ ​ပေါင်း​နေရတာမှတ်​လား"

ယောက်ျားဖြစ်​ပြီး မဲ့ရွဲ့ကာ ​ပြော​နေ​သော အာကာသစ်​​ကြောင့်​ ကျွန်​​တော်​ရယ်​လိုက်​မိ​သေးသည်​။
ကျွန်​​တော်​ကလည်း ကျွန်​​တော်​ပင်​။ ကိုယ့်​စာက
လွဲပြီး ကျန်​သည့်​ကိစ္စများအား သိပ်​အာရုံမထား။
သူတို့နှစ်​​ယောက်​ကို​တောင်​ ငယ်​သူငယ်​ချင်းဖြစ်
နေသည်​က တစ်​​ကြောင်း၊ အိမ်​နီးနားချင်း ဖြစ်​​နေ
သည်​က တစ်​​ကြောင်း၊ ကျွန်​​တော်​က ကျန်းမာ​ရေး
ချူချာ​သော​ကြောင့်​ ​ကျောင်းပျက်​လျှင်​ စာရှင်းပြမည့်​လူ မရှိမှာ​စိုး၍ တစ်​​ကြောင်း။ အ​ကြောင်း
သုံး​ကြောင်း​ပေါင်းကာ ထိုဂျစ်​​ပွေးနှစ်​​ကောင်​အား
စိတ်​ရှည်​ သည်းခံပြီး ​ပေါင်း​နေရခြင်းဖြစ်​သည်​။

ငယ်​သူငယ်​ချင်းဆို၍ ကျွန်​​တော်​နှင့်​ သူတို့နှစ်​​ယောက်​က နည်းနည်း​လေးမှ အမူအကျင့်​ချင်းမတူ။
ကျွန်​​တော်​ ​အေး​အေး​ဆေး​ဆေး စာသမား။ ဟိုနှစ်
ယောက်​က​တော့ စာမှလွဲ၍ ကျန်​သည့်​​နေရာတွင်
အလွန်​​တော်​သည့်​ နှစ်​​ယောက်​ပင်​ဖြစ်​သည်​။
သို့​သော်​လည်း အစိုးရစစ်​ ၈တန်းစာ​မေးပွဲကို​တော့
ကျွန်​​တော်​တို့ သုံး​ယောက်​လုံးAနှင့်​​အောင်​ကြသည်​။
ဘယ်​လို​အောင်​လာလဲ​တော့ ကျွန်​​တော်​လည်း
မ​ပြောတတ်​။

💚FOREVERMORE💚 [ Zg+Uni ] Where stories live. Discover now