အပိုင်း ၂၃

1.4K 157 75
                                    

"သမီးမောင်လေးကတော့ပိုင်နေပြီ
ပြောတာပါပဲ နောက်နှစ်အောင်စာရင်း
ထွက်မှပိုင်လားမပိုင်လား သိရမှာပေါ့"

အပေါ်ထပ်မှဆင်းလာလာချင်းကြား
လိုက်ရတဲ့ မေမေရဲ့အသံ။

စာကျက်ပြီးရင်ဆင်းလာပါဦး ဆိုလို့သာ
ဆင်းလာရတာ။ ကိုယ်ကအိမ်မှာဧည့်သည့်
ရှိရင်နေတတ်သည့် လူစားမျိုးမဟုတ်။

တစ်နည်းမဟုတ်တစ်နည်းနဲ့ရှောင်နေတတ်သူ။

ဒါကိုမေမေကသိရဲ့သားနဲ့ ခဏတော့ဆင်း
လာပါဟုပြောသောကြောင့် ဆင်းလာရခြင်း။

ဧည့်ခန်းထဲရောက်တော့ မေမေတို့အရွယ်
အမျိုးသမီးတစ်ယောက်နှင့် သော်မိုးယံထက်
နှစ် နှစ် သုံးနှစ်လောက်သာ ကြီးပုံပေါ်မည့်
မိန်းကလေးတစ်ယောက်ယှဉ်တွဲထိုင်နေ
သည်ကို တွေ့လိုက်သည်။

"လာ....ထိုင် သားသား"

အပြုံးချိုချိုနှင့်ခေါ်နေသောမေမေ့ဘေးနား
သို့ဝင်ထိုင်တော့....

"သန္တာ့သားလေးက အချောလေးပဲ....
အေးလေ အဖေရော အမေရောကချောတာကို"

ဒါပေါ့....
သော်မိုးယံတို့ကဘယ်သူမှမြှောက်မပြော
ရင်တောင် ကိုယ့်ဟာကိုယ်ချောတာသိပြီး
သား....

"ဟုတ်ပါ့ အကုန်အမေအဖေနဲ့တူပြီး
မျက်လုံးလေးပဲကွက်မှေးနေတာ"

မေမေ့စကားကြောင့် သူ့ရှေ့မှာထိုင်နေတဲ့
အမျိုးသမီးနဲ့ အနှီမိန်းကလေးကရယ်သည်။

မေမေတို့ကတော့လူကြားသူကြားရောက်
ရင် ဒီမျက်လုံးကိုပြောပြီ....

"မေမေနော်....သားကအပြစ်အနာမရှိချော
နေရင် မေမေ့ကိုယောက္ခမတော်ချင်တဲ့
လူတွေများနေမှာဆိုးလို့ နည်းနည်းလေး
ရုပ်ကလေးပျက်အောင်မျက်လုံးမှေးထားတာ"

"အမလေး.....အခုလိုစကားတတ်ပြီးချောပုံ
မျိုးနဲ့တော့ မျက်လုံးလေးမဆိုသလောက်
မှေးနေလည်း ခမည်းခမက်တော်ချင်တဲ့လူ
တွေကရှိမှာပါရှင်"

ဝင်ပြောလာသောအမျိုးသမီး၏ စကား
ကြောင့်မေမေကပြုံးနေသည်။

ဘေးကအနှီမိန်းကလေးက ရှက်ပြုံးလေး
ပြုံးကာခေါင်းငုံ့သွားသည်။

💚FOREVERMORE💚 [ Zg+Uni ] Tahanan ng mga kuwento. Tumuklas ngayon